ပရိတ်သတ်တွေရဲ့ အချစ်တွေများစွာကို ပိုင်ဆိုင်ထားတဲ့ အောင်မြင်တဲ့ သရုပ်ဆောင်မင်းသမီးတစ်ဦးဖြစ်တဲ့ ဆုပန်ထွာကတော့ သာယာပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားသူတစ်ဦးပဲ ဖြစ်ပါတယ်။ အလုပ်တွေဘယ်လောက် ပင်ပန်းပန်း ချစ်စရာကောင်းတဲ့ သားလေး Roar Roarလေးကြောင့် အမောတွေပြေနေရသူပဲ ဖြစ်ပါတယ် ပရိတ်သတ်ကြီးရေ...။

Roar Roarလေးရဲ့ ချစ်စရာကောင်းတဲ့ အမူအရာလေးတွေကြောင့် ဆုပန်ထွာရဲ့ ပရိတ်သတ်တွေက အရမ်းကို ချစ်နေရတဲ့ အသည်းကျော်လေးဖြစ်ပါတယ်။ မေမေ ဆုပန်ထွာကလည်း အနုပညာနယ်ပယ်မှာသာမက သားလေးအတွက် မိခင်ကောင်းတစ်ယောက်ဖြစ်အောင် နေထိုင်သူတစ်ဦးပဲ ဖြစ်ပါတယ်။ သားလေးကို လိမ္မာယဉ်ကျေးတဲ့ သားလေးတစ်ယောက်ဖြစ်အောင် အမြဲသွန်သင်ဆုံးမပေးတဲ့ အဖိုးမဖြတ်နိုင်တဲ့ အမွေအနှစ်တွေကို ပေးနိုင်တဲ့ မိခင်တစ်ဦးလည်းဖြစ်ပါတယ်။

ချစ်စရာကောင်းပြီး မေမေ့ စကားကို အမြဲနားထောင်တဲ့ သားလေး Roar Roarကလေးကတော့ ယဉ်ကျေးပြီး ချစ်စရာကောင်းတဲ့ ကလေးလေးတစ်ယောက်ဖြစ်တယ်ဆိုတာ ပရိတ်သတ်တွေ အသိဆုံးဖြစ်ပါလိမ့်မယ်။ အခုလည်း ဘွားဘွားအိမ်ကို ရောက်တာနဲ့ ဘုရားခန်းထဲဝင်ပြီး ဘုရားရှစ်ခိုးနေတဲ့ Roar Roarလေးရဲ့ အသည်းယားစရာကောင်းတဲ့ ဗီဒီယိုလေးကို ပရိတ်သတ်တွေ အတွက် တင်ပေးလိုက်ပါတယ်နော်။

Source:Supan Htwar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။