ကမ္ဘာ့နိုင်ငံအသီးသီးကလေးစားအားကျနေရတဲ့ မြန်မာ့ကိုယ်စားပြု One Championship (MMA) ကမ္ဘာ့ချန်ပီယံကြီး အောင်လအန်ဆန်းရဲ့အောင်မြင်မှုကို အားလုံးလည်း ကြားသိကြမယ်ထင်ပါတယ်။ ပွဲကောင်းများစွာကို ထိုးသတ်ခဲ့ပြီး ကမ္ဘာ့နိုင်ငံအသီးသီးက လက်ဝှေ့သမားများစွာရဲ့ လေးစားမှုကို ရရှိထားတဲ့သူတစ်ယောက်ဆိုလည်း မမှားပါဘူး။ လက်ရှိ မိသားစုနဲ့အတူ ပျော်ရွှင်စရာလေးဖန်တီးဖြတ်သန်းနေပြီး မကြာမီယှဉ်ပြိုင်မည့်ပြိုင်ပွဲအတွက်စောင့်မျှော်နေကြောင်းသိရပါတယ်။  

မကြာသေးမီက အောင်လအန်ဆန်းရဲ့ဖေ့စ်ဘွက်စာမျက်နှာပေါ်တွင် မိသားစုနဲ့အတူ လည်ပတ်နေတဲ့ပုံရိပ်လေးတွေကို ပြသထားတာတွေ့ရပါတယ်။ အဆိုပါ ပုံရိပ်လေးတွေနဲ့အတူ အောင်လကတော့" ကားထဲမှာ Gas အလုံအလောက်ဖြည့်ပြီး Key Largoဆိုတဲ့ ကမ်းခြေကိုကျွန်တော်တို့မိသားစုရောက်ခဲ့တယ်။ အုန်းစိမ်းရည် ချိူချိူလေးတွေသောက်ပြီးပျော်စရာကောင်းတဲ့နေ့တစ်နေ့ပါပဲ။

နောက်ထပ်လာဦးမယ့်Trainingအတွက်အဆင်သင့်ဖြစ်ဖို့

အားဖြည့်ထားရတာပေါ့။" ဟူ၍ ရေးသားထားတာတွေ့ရပါတယ်။ 

လက်ရှိ မိသားစုကို အချိန်ပေးကာပျော်ရွှင်မှုတွေဖန်တီးပေးနေပေမယ့် နောက်လာမည်ပွဲကို ကြိုတင်ပြင်ဆင်ဖို့အတွက် ပြုလုပ်နေကြောင်း သိရပါတယ်။ မြန်မာ့ဂုဏ်ဆောင် ကမ္ဘာ့လက်ဝှေ့ဖိုက်တာကြီး အောင်လအန်ဆန်းရဲ့ လက်ရှိလှုပ်ရှားမှုပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးရင်း မကြာမီယှဉ်ပြိုင်မည့် ပြိုင်ပွဲကို အတူတူအားပေးကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

PHOTOS - AUNG  LA

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။