ငုရင်ထရမ်ဟူရန်မိုင် ဆိုတဲ့ အလှမယ်လေးကတော့ ပရိသတ်တွေနဲ့ မစိမ်းတဲ့ ဗီယက်နမ်အလှမယ်လေးတစ်ဦးဖြစ်သလို မြန်မာနိုင်ငံနဲ့လက်တွဲပြီး အနုပညာအလုပ်တွေများစွာလုပ်ကိုင်ဖူးသူလေးတစ်ဦးပဲဖြစ်ပါတယ်။

ဒါ့အပြင် နေတိုး၊ထွန်းထွန်း ၊ခင်ဝင့်ဝါ နဲ့ သူမတို့ ရိုက်ကူးထားတဲ့ တိမ်တိုက်တံတား ရုပ်ရှင်ကြီးကလည်း မြန်မာနိုင်ငံအတွင်းမှာ အောင်မြင်ပေါက်မြောက်ခဲ့တဲ့ ရုပ်ရှင်ကားကြီးတစ်ကားပဲဖြစ်ပါတယ်။ 

သူမဟာအလှမယ်လေးဆိုတဲ့အတိုင်း ခန္ဓာကိုယ်လေးကသွယ်လျလှပလှသလို သူမရဲ့ဆံပင်အရှည်လေးနဲ့ ရီုးရှင်းလှတဲ့ စတိုင်လေးတွေကလည်း ပရိသတ်တွေအားကျနှစ်သက်ကြတဲ့စတိုင်လေးတွေပဲဖြစ်ပါတယ်။

ဒါပေမယ့် ယနေ့သူမလူမှုကွန်ယက်ပေါ်မှာတင်ပေးလာတဲ့ ပုံရိပ်လေးတွေထဲမှာဆိုရင်တော့ ငုရင်ယာ ဆံပင်တိုတိုလေးဖြစ်သွားပြီး သူမရဲ့စတိုင်တွေက အရင်ကနဲ့လုံးဝမတူဘဲ ကွဲပြားနေခဲ့ပါတယ်။  

အရင်ပုံစံလေးကလည်း ရိုးရိုးအေးအေးလေးနဲ့ ချစ်စရာကောင်းလှပေမယ့် သူမရဲ့အခုပုံရိပ်လေးကလည်း လုံးဝမမြင်တွေ့ဖူးသေးတဲ့ပုံရိပ်တွေဖြစ်တာကြောင့် ပရိသတ်တွေကတော့ တအံ့တသြတွေဖြစ်ကုန်ကြပါတယ်။

ပရိသတ်တွေရော သူမကို ဆံပင်အရှည်လေးနဲ့ပဲချစ်တာလား ၊ ဒါမှမဟုတ် အခုပုံစံဆံပင်အတိုလေးနဲ့ရော ချစ်ကြလားပြောပြခဲ့ကြဦးနော်။

source - Nguyen Tran Huyen My

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။