ပရိသတ်ကြီးရေ.. မိန်းကလေးပရိသတ်တွေရဲ့ အားပေးဝန်းရံမှုတွေကို အခိုင်အမာရရှိထားတဲ့ လူပျိုကြီး စိုင်းစိုင်းတစ်ယောက်ကတော့ သူ့ရဲ့ ရင်တွင်းခံစားချက်တွေကို ဖွင့်လှစ်ပြလိုက်ပါတယ်နော်..။

စိုင်းစိုင်းကတော့ ဒီဇင်ဘာ(၅)ရက်နေ့ညက ကျင်းပပြုလုပ်ခဲ့တဲ့ MC မောင်မောင်အေးရဲ့ ကြည်နူးပျော်ရွှင်စရာကောင်းလွန်းတဲ့ မင်္ဂလာဧည့်ခံပွဲလေးကို အခြားအနုပညာရှင်များနည်းတူ တက်ရောက်ဂုဏ်ပြုပေးခဲ့ပါသေးတယ်..။

မောင်မောင်အေးနဲ့ ဇနီးချောလေးမြင့်မြင့်တို့ရဲ့ ကြည်နူးပျော်ရွှင်စရာ မင်္ဂလာဧည့်ခံပွဲလေးကတော့ ရိုမန်တစ်ဆန်ဆန်လေးနဲ့ ကြည်ကြည်နူးနူးခမ်းခမ်းနားနားလေး ကျင်းပပြုလုပ်ခဲ့ပြီး အနုပညာရှင်တွေကိုတောင် အားကျကြည်နူးစေပါတယ်နော်..။

သူတို့အသစ်စက်စက်ဇနီးမောင်နှံလေးရဲ့ မင်္ဂလာပွဲကို တက်ရောက်လာတဲ့ ဧည့်ပရိသတ်တိုင်း အားကျစေပြီး တကယ်ကို ကြည်နူးပျော်ရွှင်မှုစေတာမို့ လူပျိုကြီး စိုင်းစိုင်းကလည်း မောင်မောင်အေးတို့စုံတွဲလေးကို ကြည့်ပြီး အားကျနေပုံပါပဲ ပရိသတ်ကြီးရေ..။

“သူများတွေချစ်ကြည်နူးနေတာမြင်တိုင်း

ကိုယ့်ကောင်မလေးကိုသတိရမိတဲ့အခိုက်အတန့်

ကျော်တို့လို ချစ်တတ်တဲ့ယောက်ကျားတိုင်းမှာရှိတယ်..” ဆိုပြီး စိုင်းစိုင်းက သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ဒီဇင်ဘာ(၅)ရက်နေ့ ညက ရေးသားထားတာပဲ ဖြစ်ပါတယ်..။

စိုင်းစိုင်းရဲ့ အဲ့ဒီပို့စ်အောက်မှာလည်း ပရိသတ်တွေကလည်း သဘောကျစွာ စနောက်ထားကြပြီး Comment လေးတွေ ရေးသားထားကြတာလည်း တွေ့ရပါတယ်နော်..။

Photo - စိုင်းစိုင်းခမ်းလှိုင်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။