ပရိသတ်တွေရဲ့ဘဝအမောတွေ ပြေပျောက်သွားစေမယ့် ဟာသဇာတ်ကားကောင်းကြီး တစ်ကားကတော့ လာမယ့် ဒီဇင်ဘာလ ၇ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ ဝါရင့်သရုပ်ဆောင်တွေရဲ့ ဟာသအလွဲတွေကို တစ်ဝကြီးရှုစားရင်း အူတက်အောင် ရယ်မောသွားစေမယ့် "သမီးသမက် ခမည်းခမက်" ဇာတ်ကားကြီးက လတ်တလော ပရိသတ်တွေကြားမှာ Official Trailer နဲ့တင် လူကြိုက်များအောင်မြင်နေတာ ဖြစ်ပါတယ်။

ဒီဇာတ်ကားထဲမှာ ပရိသတ်အချစ်တော် သရုပ်ဆောင်တွေဖြစ်ကြတဲ့ ရဲအောင်၊ ပြေတီဦး၊ မိုးအောင်ရင်၊ ခိုင်သင်းကြည်၊ တက္ကသိုလ်ဂွမ်းပုံ စတဲ့ အနုပညာရှင်များစွာက ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ အခွီတလိုင်း အမူအရာ၊ အပြောအဆိုတွေနဲ့ သဘာဝကျကျ သရုပ်ဆောင်ထားတဲ့ သူတို့အနုပညာရှင်တွေက ဒီဇာတ်ကားလေး ရိုက်ကူးနေစဉ်မှာတောင် သရုပ်ဆောင်ရင်း ကိုယ်တိုင်ပျော်ရွှင်ခဲ့ရတာလို့ သိရပါတယ်။ အခုဆိုရင်တော့ အားလုံးစောင့်စားနေရတဲ့ ဟာသဇာတ်ကားကြီးက မနက်ဖြန်ဆိုရင် ရုံတင်တော့မှာ ဖြစ်ပါတယ်။

မနက်ဖြန် ဒီဇင်ဘာလ ၇ ရက်နေ့မှာတော့ ပြေတီဦးနဲ့ မခိုင်လေးတို့စုံတွဲရဲ့ ယောက်ျားသဘော အခွီဇာတ်ဝင်ခန်း၊ တက္ကသိုလ်ဂွမ်းပုံနဲ့ မိုးအောင်ရင်တို့စုံတွဲရဲ့ facebook ဖူးစာစတဲ့ ဟာသဇာတ်ဝင်ခန်း မြောက်များစွာပါဝင်တဲ့ "သမီးသမက် ခမည်းခမက်"ဇာတ်ကားကြီးကို ပိတ်ကားထက်မှာ ရှုစားရတော့မှာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မနက်ဖြန်မှာရုံတင်မယ့် "သမီးသမက် ခမည်းခမက်"ဟာသဇာတ်ကားကြီးရဲ့Tralier လေးကို အောက်မှာတင်ဆက်ပေးလိုက်ပါတယ်နော်။

Source:သမီးသမက် ခမည်းခမက် - ရုပ်ရှင်ဇာတ်ကား;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။