ပရိသတ်ကြီးရေ.. ရွှေကစ်လို့ ပရိသတ်တွေချစ်စနိုးခေါ်ကြတဲ့ အားလုံးရဲ့ အသည်းကျော်လေး ဝတ်မှုံရွှေရည်ရဲ့ နုပျိုမှုတွေနဲ့ ကျော့ရှင်းလှပမှုတွေကတော့ ပရိသတ်တွေအပြင် အနုပညာရှင်တော်တော်များများကိုပါ အားကျ အချစ်ပိုစေပါတယ်နော်..။

ရွှေကစ်လေးကတော့ အနုပညာလောကမှာ ယောင်္ကျားလေးပရိသတ်တွေအပြင် မိန်းကလေးပရိသတ်တွေရဲ့ အားပေးဝန်းရံမှုတွေကို ရရှိထားသလို ထူးချွန်တဲ့ သရုပ်ဆောင်ပိုင်နိုင်မှုတွေကြောင့်လည်း အကယ်ဒမီဆုတွေနဲ့ မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီးတစ်ဦးဆိုလည်း မမှားပါဘူး..။

မီ အဖြစ် ပရိသတ်တွေရဲ့ အချစ်တွေကို ထပ်မံပြီး အခိုင်အမာသိမ်းပိုက်ထားတဲ့ သရုပ်ဆောင်မင်းသမီးချောလေး ပိုင်ဖြိုးသုကတော့ ရွှေကစ်လေးကို အပြင်မှာတွေ့တိုင်း အမြဲငေးနေရလောက်အောင် အားကျတဲ့အကြောင်းလေးတွေကို ပြောပြလာပါတယ်..။

သူမရဲ့ အရမ်းသဘောကျရတဲ့ မင်းသမီးတစ်ဦးဖြစ်တဲ့ ရွှေကစ်နဲ့အတူ ပြီးခဲ့တဲ့ရက်ပိုင်းကမှ အနုပညာအလုပ်တွေ အတူတွဲလုပ်ကာ ပထမဆုံးကြော်ငြာအတူရိုက်ကူးခဲ့ရတဲ့အတွက် အရမ်းပျော်သလို ရွှေကစ်လေးက အရမ်းလှပြီး ဖြူဖွေးပြီးနုဥနေတာမို့ အပြင်မှာ အမြဲတွေ့တိုင်း ငေးကြည့်နေရတယ်လို့ ဆိုပါတယ်..။

“အရင်ကတည်းက ခင်တာတော့ ခင်တယ် မကစ်က ရင်းရင်းနှီးနှီးရှိတယ်.. ဘယ်ပွဲမှာပဲတွေ့တွေ့ ဟိုးအရင်လုံးဝမသိတဲ့ အချိန်ကတည်းက သူက အမြဲရယ်ပြတယ်.. အရမ်း Sweet ဖြစ်တယ် အစ်မက ဒီကြားထဲမှာလည်း မမေဦးက မကစ်ကိုလည်း လိမ်းတယ် သုသုကို လည်း လိမ်းတယ်.. အဲ့လိုမျိုးဆိုတော့ မမေဦးကနေတစ်ဆင့် နောက်တဖြည်းဖြည်းခင်လာတာ ပွဲတွေမှာလည်း တွေ့ဖြစ်တယ်..” ဆိုပြီး သူမတို့နှစ်ယောက်ကြားက ခင်မင်မှုလေးတွေကိုလည်း မင်းသမီးချောလေး ပိုင်ဖြိုးသုက ပြောပြထားပါသေးတယ်..။

သူမရဲ့ လက်တလောအနုပညာလှုပ်ရှားမှုလေးတွေကတော့ လက်ရှိမှာ Now and Never ကားအတွက် Pre - production ပြီးပြီမို့ သင်တန်းတက်နေတယ်လို့ ဆိုပါတယ်နော်..။

Photo - ပိုင်ဖြိုးသု၊ ရွှေကစ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။