အဆိုတော်သရုပ်ဆောင်နန်းစုတစ်ယောက် ဒီအရွယ်ထိ နုပျိုနေတဲ့ သူမရဲ့လျို့ဝှက်ချက်လေးကို ထုတ်ဖော်လိုက်ပြီပဲဖြစ်ပါတယ်။ အနုပညာလောကမှာ သူမရပ်တည်ခဲ့တာ ဆယ်စုနှစ်တစ်စုကျော်ကြာမြင့်ခဲ့ပြီဖြစ်ပြီး သူမကိုချစ်ခင်အားပေးတဲ့ပရိသတ်တွေကလည်းအများအပြားပါပဲ။ အဆိုတော် G-Fatt နဲ့လည်း ပျော်ရွှင်စရာကောင်းတဲ့ အချစ်ကမ္ဘာလေးကိုတည်ဆောက်ထားကြပြီး နှစ်ယောက်သားက ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့ပဲ အရမ်းကို ပျော်နေကြတာကိုလည်းတွေ့ရပါတယ်။

တစ်ယောက်နဲ့တစ်ယောက် မခံချင်အောင်စနောက်ရင်းနဲ့ပဲ Relationship Life လေးကို ဖန်တီးထားကြတာပဲဖြစ်ပါတယ်။ ပရိသတ်တွေချစ်ခင်အားပေးတဲ့ အနုပညာစုံတွဲလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းလောက်က နှစ်ယောက်သားကတောက်ကဆဖြစ်ရင်း နန်းစုတစ်ယောက် အထင်အမြင်လွဲခဲ့ပါသေးတယ်။ ဒီနောက်ပိုင်းမှာတော့ နှစ်ယောက်သားပြန်လည်အဆင်ပြေသွားခဲ့ပြီး အခုဆိုရင် အရမ်းတွေတောင်ချစ်နေကြပြီပဲ ဖြစ်ပါတယ်။

နန်းစုတစ်ယောက် သူမရဲ့နုပျိုခြင်းလျို့ဝှက်ချက်ကို " နုပျိုရခြင်းလျို့ဝှက်ချက်??? လာမမေးနဲ့ တွေ့ရာအရပ်မှာပျော်ပျော်နေတယ် တွေ့တဲ့သူတွေအားလုံးကို စိတ်ချမ်းသာအောင်ထားတယ် ပေါစရာရှိပေါ ပျော်စရာရှိပျော် လုပ်စရာရှိလုပ် သွားစရာရှိသွား ချစ်စရာရှိချစ် ငိုစရာရှိငို အော်စရာရှိအော် အရာအားလုံးကခနပဲ... အဲ့တော့ပျော်စရာကောင်းတဲ့ ခနလေးတွေ အများကြီးဖန်းတီးကြည့် အခုတင်စရာရှိလို့တင် " ဆိုပြီး လူမှုကွန်ယက်မှာဝေမျှလိုက်တာပဲဖြစ်ပါတယ်။

Photo - Nansu Yati Soe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။