ပရိသတ်ကြီးရေ အားလုံးကချစ်ကြတဲ့ မင်းသမီးလေး အိန္ဒြာကျော်ဇင်ကတော့ ပရိသတ်ကြီးရဲ့ အချစ်တွေအားလုံးကို အကုန်သိမ်းပိုက်ရယူထားသူလို့ ဆိုလို့ရပါတယ်။ ဒွေး၊သားညီ၊ပြေတီဦးတို့နဲ့ တစ်ခတ်တည်း ပေါ်ပေါက်ခဲ့တဲ့ အူဝဲက မြန်မာနိုင်ငံရဲ့ ဝါရင့်ထိပ်တန်းမင်းသမီးတစ်ဦးဖြစ်ပါတယ်။ အကယ်ဒမီဆုတွေရရှိထားတဲ့ အူဝဲက လတ်တလောမှာလည်း ရုပ်ရှင်ကားတွေ ဆက်တိုက်ရိုက်ကူးနေတာဖြစ်ပါတယ်။

ကလေးနှစ်ယောက်ရဲ့မိခင်ဖြစ်တဲ့ သူမက အပျိုတုန်းကလို ခန္ဓာကိုယ်အလှတွေနဲ့ အရွယ်တင်နုပျိုမှုတွေက မပြောင်းလဲပဲ ရှိနေဆဲဖြစ်ပါတယ်။ ဖက်ရှင်ဘုရင်မလို့ တင်စားရတဲ့ သူမက လတ်တလောမှာလည်း အခမ်းနားတင်ဆက်သူ မောင်မောင်အေးရဲ့ မင်္ဂလာပွဲကို တီတီနဲ့အတူတက်ရောက်ခဲ့တဲ့ ပုံလေးတွေကိုဖော်ပြထားတာတွေ့ရပါတယ်။ပုံလေးတွေတိုင်းမှာ နှစ်ယောက်လုံးအရမ်းကိုလိုက်ဖက်နေတာလည်းဖြစ်ပါတယ်။

သရုပ်ဆောင် အိန္ဒြာကျော်ဇင်ကတော့ ပျော်စရာကောင်းတဲ့ မိသားစုဘဝကို တည်ဆောက်ထာပြီး ချစ်ပရိသတ်တွေ အားကျရတဲ့မိသားစုတွေထဲမှာလဲ အူဝဲတို့မိသားစုပါဝင်ပါတယ်။ အိန္ဒြာကျော်ဇင်ရဲ့ ချစ်စရာပုံလေးတွေက ပရိသတ်တွေရဲ့ အချစ်ကို ရယူခဲ့တာဖြစ်ပါတယ်။ချစ်ပရိသတ်တွေ အတွက် တီတီတို့ ဇနီးမောင်နှံရဲ့ ပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Source:Eaindra Kyaw Sin & Nay Min Htun

Photo credit 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။