ပရိသတ်ကြီးရေ.. အနုပညာလောကမှာ အောင်မြင်မှုတွေ အခိုင်အမာရရှိထားသလို ပရဟိတလုပ်ငန်းတွေဘက်မှာလည်း တစိုက်မတ်မတ်နဲ့ ကြိုးစားလုပ်ဆောင်နေတဲ့ မင်းသမီးချောကတော့ ခိုင်နှင်းဝေပါပဲ..။

သရုပ်ဆောင်ပိုင်းမှာ ပီပြင်တဲ့ သရုပ်ဆောင်ပိုင်နိုင်မှုတွေအပြင် ပရဟိတလုပ်ငန်းတွေမှာပါ ဟန်ချက်ညီညီလုပ်ဆောင်နေတဲ့ သူမကတော့ အခုတစ်ခါမှာ ပရိသတ်တွေကို ရင်ထိတ်အောင် လုပ်လိုက်ပါတယ်..။

ဒဏ်ရာရထားပြီး ခေါင်းမှာလည်း ပတ်တီးတွေနဲ့ ဆေးကုသမှုခံယူနေတဲ့ သူမရဲ့ ပုံရိပ်လေးတွေကြောင့် ပရိသတ်တွေက စိတ်ပူစိုးရိမ်သွားခဲ့ကြတာ ဖြစ်ပါတယ်..။

ဒဏ်ရာတွေ ဗလပွနဲ့ ဆေးရုံတက်နေရတဲ့ ပုံလေးတွေကြောင့်ပရိသတ်တွေက စိုးရိမ်ခဲ့ကြရပြီး သူမကတော့ ရိုက်ကွင်းမှာ ဇာတ်ဝင်ခန်းတစ်ခုအတွက် ရုပ်ရှင်ရိုက်ကူးနေတာမို့ ပရိသတ်တွေကိုလည်း စိတ်မပူဖို့ ခိုင်နှင်းဝေက ပြောပြထားပါသေးတယ်..။

ရိုက်ကွင်းပေါ်မှာ အမှတ်တရဓာတ်ဖမ်းခဲ့တဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေကိုလည်း သူမက ပြန်လည်မျှဝေထားပြီး အဲ့ဒီပို့စ်အောက်မှာတော့ ပရိသတ်တွေက စိုးရိပ်ပြီး လန့်သွားကြတဲ့ အကြောင်းလေးတွေကို ရေးသားပြောထားကြတာလည်း တွေ့ရပါတယ်..။

မင်းသမီးခိုင်နှင်းဝေကတော့ အောင်မြင်တဲ့ မင်းသမီးတစ်ဦးဖြစ်သလို ပရဟိတမင်းသမီးအဖြစ် တင်စားရလောက်အောင် ပရဟိတလုပ်ငန်းမှာလည်း လူမှုအကျိုးပြု ထူးချွန်ဆုတွေကိုပါ ရရှိထားသူလေးလည်း ဖြစ်ပါတယ်နော်..။

Photo - ခိုင်နှင်းဝေ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။