ပရိတ်သတ်ကြီးရေ.... အနုပညာလောကမှာ ဆယ်စုနှစ်တစ်စုလောက်ကို သရုပ်ဆောင်လုပ်ရင်းဖြတ်သန်းလာခဲ့တဲ့သရုပ်ဆောင်ဘိုကြီးဟာ အချစ် အကြမ်း အလွမ်း ဟာသ စတဲ့နေရာတွေကို ဆေးစက်ကျရာ သရုပ်ပေါ်အောင် ပုံဖော်သရုပ်ဆောင်နိုင်တဲ့ ဇာတ်ပို့ ဇာတ်ရံ တစ်ယောက်ပဲဖြစ်ပါတယ်။ သူဟာ မနေ့ညက အနုပညာရှင်တွေစုပြီးပြုလုပ်တဲ့ စားသောက်ဝိုင်းမှာ အဆိုတော်သရုပ်ဆောင် ဒါရိုက်တာယုန်လေးရဲ့ surpriseကြောင့်ပျော်ရွှင်ခဲ့ရပါတယ်။

အဲ့ဒီsurpriseကတော့ ယုန်လေးဟာ ၂၀၁၉လဆန်းမှာရိုက်ကူးမယ့် ဇာတ်ကားမှာ သရုပ်ဆောင်ပေးဖို့ ကမ်းလှမ်းခဲ့တာဖြစ်ပြီး တခါတည်း ဇာတ်ကားအတွက် စရံငွေကိုချေပေးသွားခဲ့တဲ့အတွက် အတိုင်းထက်အလွန်ပျော်ရွှင်နေရကြောင်း သရုပ်ဆောင်ဘိုကြီးကဆိုထားပါတယ်။ မထင်မှတ်ဘဲ မတွေ့တာကြာပြီဖြစ်တဲ့အနုပညာရှင်တွေနဲ့လည်းစုံစုံညီညီတွေ့ရပြီး ပွဲလေးကစိုစိုပြည်ပြည်ဖြစ်သွားခဲ့ရပါတယ်နော် 

ဒီစားဝိုင်းသောက်ဝိုင်းလေးကို ပရိတ်သတ်တွေမတွေ့တာကြာပြီဖြစ်တဲ့ မင်းသမီး ကြည့်လဲ့လဲ့ဦး နဲ့အတူသရုပ်ဆောင် ကျော်ကျော် ဆုမြတ်နိုးဦး သင်ဇာမြင့်မိုရ် စတဲ့အနုပညာရှင်များအပြင် အခြားမိတ်ဆွေသင်္ဂဟများနဲ့ ပျော်ရွှင်စွာပြုလုပ်ခဲ့ကြပါတယ်။ ပရိတ်သတ်တွေကလည်း ကိုယုန်လေးနဲ့ ကိုဘိုကြီးတို့ ၂၀၁၉လဆန်းမှာ ရိုက်မယ့်ဇာတ်ကားကိုစိတ်ဝင်စားနေကြတယ်လို့သိရပါတယ်နော်။

Source:Yone Lay

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။