ကိုကြံ့ကြီးလို့ အများကခေါ်တဲ့ ကျော်ကျော်ဗိုလ်က သရုပ်ဆောင်လောကမှာ professional ကျတဲ့ မင်းသားတစ်လက်ပဲ ဖြစ်ပါတယ်။သူပါဝင်ရိုက်ကူးခဲ့တဲ့ ဇာတ်ကားများဟာ ဆိုရင်လည်း ပရိတ်သတ်တွေရဲ့ အားပေးမှု့ ကို အခိုင်အမာရထားလို့ အောင်မြင်တယ်လို့ဆိုရပါမယ်။အနုပညာမျိုးရိုးက ဆင်းသက်လာလို့ အနုပညာနဲ့ ပတ်သက်ရင် ဘက်စုံတော်တယ်လို့ ပြောလို့ရပါတယ်။ဇာတ်မင်းသားလိုလည်း ကနိုင်သလို ဟာသ အလွမ်း အဆွေး စတဲ့ ကာရိုက်တာ မျိုးစုံကို လည်း ပိုင်နိုင်ပါတယ်။ 

နှင်းဆီအဖွဲ့သားတွေထဲမှာလည်း တစ်ယောက်အပါအဝင်ဖြစ်လို့ သူ့ရဲ့ ဟာသဉာဏ်ရွှင်မှု့ ကို ပရိတ်သတ်ကြီးလည်း သိမှာပါ။ကိုကြံံ့က အနုပညာမျိုးရိုးလည်း ဖြစ်လို့ အနုပညာကို လည်း ရူးသွပ်မယ့်ပုံပါ။အနုပညာနဲ့ ပတ်သက်ရင် ဘက်စုံဒေါင့်စုံက ပါဝင်တဲ့ သူတစ်ယောက်ပါ။အခုလက်တလောမှာ သူပါဝင်ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ကားတွေကို ရုံတင်နေတဲ့ ကာလပါ။ပိုပြီးခန့်ညားလာတဲ့ ကိုကြံ့ကို ပရိတ်သက်တွေက ပိုချစ်လာကြပါတယ်။

ကျော်ကျော်ဗိုလ်နဲ့မင်းသွေး ပါဝင်သရုပ်ဆောင်ထားတဲ့ မုန်းစွဲ ရုပ်ရှင်ဇာတ်ကားကိုရုံတင်နေဆဲပါ။မုန်းစွဲနဲ့ သက်ကွင်း ဇာတ်ကားထဲမှာ ပါဝင်တဲ့ မင်းသွေးကတော့ ဆုံးသွားတာ နှစ်လကျော်သွားပြီ ဖြစ်တဲ့ အတွက် သူပါဝင်သွားတဲ့ ဇာတ်ကားကို ပရိတ်သတ်တွေ အားပေးတာကို မမြင်သွားရတော့တဲ့ အတွက် စိတ်မကောင်းစရာပါ။အခုလည်း ကျော်ကျော်ဗိုလ်က "ဒီဘက်ကမ္ဘာကတော့မင်းအတွက်လွမ်းပြနေကြတုန်း

သိပ်မခံစားပါနဲ့ညီလေး .... အချိန်တန်တော့လည်း ?

မင်းသိပါတယ် ....

ဟိုဘက်ကမ္ဘာမှာသာမင်းအဆင်ပြေအောင်နေ....." ဆိုပြီး မင်းသွေးကို အဆင်ပြေအောင်နေပါလို့ ပြောထားပါတယ်။ရုပ်ရှင်ဇာတ်ကားကြီးရုံတင်မယ့်ရက်နီးလာလေ ပိုသတိရလေပါပဲ။ပရိတ်သတ်ကြီးလည်း မင်းသွေးကို သတိရမယ်ဆိုရင် သွားအားပေးလိုက်ပါနော်။

Source:Kyaw Kyaw Bo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။