ခေးလေးလို့ခေါ်နေတဲ့ ပရိသတ်အချစ်တော် ခင်ဝင့်ဝါကတော့ ချစ်စရာကောင်းတဲ့ ပုံစံလေးနဲ့ ကြွေလေက်စရာအပြုံးလေးတွေကြောင့် ချစ်ပရိသတ်တွေရဲ့ နှလုံးသားကို သိမ်းပိုက်ထားသူလေးပဲ ဖြစ်ပါတယ်။ရိုးရိုးယဉ်ယဉ်လေးနဲ့လှတဲ့သူမက တော့အနေအေးပြီးအနုပညာလောကမှာ ပရိသတ်အခိုင်မာရကာ အောင်မြင်မှုကို ပိုင်ဆိုင်ထားတဲ့ သူမကတော့ ပရိသတ်တွေရဲ့ အသည်းကို ခြွေနိုင်သူလေးပဲဖြစ်ပါတယ်။  

ယနေ့မှာတော့ခင်ဝင့်ဝါတစ်ယောက် အလွမ်းရဲ့ ရက်စက်မှုကိုခံစားနေရတဲ့ ခံစားချက်စာသားလေးတစ်ချို့ကို လူမှုကွန်ယက်ပေါ်တင်ပေးခဲ့ပါတယ်။ ခင်ဝင့်ဝါကတော့ "ငါချစ်တဲ့မင်းစိတ်ချမ်းသာဖို့နင်ချစ်တဲ့ မိန်းခလေးလည်းပျော်ဖို့........ ငါမျက်ရည်နဲ့လမ်းခင်းရုံကလွဲ လို့.. ဆုတောင်းလည်းမပြည့် ခဲ့တော့ပြီ မို့.... ဒီအတိုင်းပဲ လမ်းခွဲကြပါစို့ ..... " ဆိုပြီး ခံစားချက်စာသားလေးကို ရေးသားထားခဲ့ပါတယ်။  

အဆိုပါစာသားလေးတွေဟာ တစ်စုံတစ်ယောက် ရဲ့ထားသွားခြင်းကို ခံခဲ့သူအဖို့ ရင်ထဲကို တိုက်ရိုက်ထိမှန်စေတဲ့ စာသားလေးပဲဖြစ်ပါတယ်။ အလွမ်းဓာတ်ခံရှိသူအဖို့ အဆိုပါစာသားလေးတွေကို ဖတ်ပြီး တစ်စုံတစ်ယောက်ကို လွမ်းဆွတ်သတိရစေမှာ သေချာပါတယ်။

ခင်ဝင့်ဝါကတော့ " သီချင်းစာသားလေး ရေး ပြီးတင်မိတာ ကို တကယ်ကြီး အသည်းကွဲ နေတယ် ထင် နေတာ ကတော့ ဒါ ဒို့ ကို သက်သက် အထင်ကြီးနေတာ ဘဲ ဖြစ် ရမယ် " ဆိုပြီး သီချင်းစာသားလေးတွေနဲ့ ပရိသတ်တွေကို စနောက်ထားတာဖြစ်ပါတယ်။  

source: Khin Wint Wah

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။