ကဲ... ပရိတ်သတ်ကြီးရေ မြန်မာတစ်နိုင်ငံလုံးကပရိတ်သတ်တွေရင်ခုန်စိတ်လှုပ်ရှားရဆုံးအချိန်လေးဟာ မကြာခင်ရောက်ရှိလာပါတော့မယ်နော်။ ပိုလန်နိုင်ငံမှာကျင်းပနေတဲ့ "Miss supernational" ပြိုင်ပွဲကြီးမှာ မြန်မာ နိုင်ငံကိုယ်စားပြုအလှမယ်အဖြစ် မော်ဒယ်ရွှေအိမ်စည်ဟာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး Evening Gown Votingမှာ လည်းVotingအများဆုံးနဲ့ Winnerဖြစ်ခဲ့ပြီး Royal Dinnerကိုလည်းတက်ရောက်ခဲ့ရပါတယ်နော်။

သူမဟာ ပွဲမတိုင်ခင် Full rehearsal မှာအစွမ်းကုန်ကြိုးစားပြီး Finalအတွက် အဆင်သင့်ဖြစ်အောင်ပြင်ဆင်နေခဲ့ပါတယ်။"ပရိသတ်တွေရဲ့အားပေးမှုကြောင့် အိမ်စည့်အတွက် motivation အရမ်းရှိသလို pressure လဲအရမ်းများပါတယ်" ဆိုပြီးပြောထားတာကိုတွေ့ရပါတယ်။သူမရဲ့ Missပြိုင်ပွဲခရီးစဉ်ဟာဆိုရင်မကြာခင်မှာပြီးဆုံးတော့မှာဖြစ်ပြီး မြန်မာနိုင်ငံကပရိတ်သတ်တွေက သူမသရဖူလေးဆောင်းပြီးပြန်လာမယ့် အချိန်ကိုစောင့်နေကြပါတယ်။

သူမကလည်း Final nightအတွက်ရင်ခုန်နေပြီး ပရိတ်သတ်တွေကလည်း ပရိတ်သတ်တာဝန်ကျေသလို အိမ်စည်အပိုင်းအတွက် လည်းပရိတ်သတ်တွေအားမငယ်စေရပါဘူးလို့ဆိုတာပါတယ်။ " ဒီနှစ်ဒီပွဲမှာ ပြိုင်ပွဲဝင်တွေရော နိုင်ငံတစ်ကာက ပရိသတ်တွေရော သိသွားတဲ့အချက်တစ်ချက်ကတော့ မြန်မာ ပရိသတ်တွေဘယ်လောက် အားပေးတယ် အိမ်စည့်ကိုဘယ်လောက်ချစ်တယ်ဆိုတာပါပဲ " ဆိုပြီး ကျေးဇူးတင်စကားဆိုထားပါတယ်။ ကဲ...ပရိတ်သတ်ကြီးရေ... အိမ်စည် crownလေးနဲ့ပြန်လာနိုင်အောင် ဝိုင်းအားပေးလိုက်ကြပါအုန်းနော်.... 

Source : Shwe Eain Si

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။