အိန္ဒြာကျော်ဇင်ဆိုတာကတော့ မြန်မာပြည်ရဲ့ Fashion Idol လို့တောင်တင်စားခေါ်ဝေါ်ရလောက်အောင် စမတ်ကျကျလှပပြီး အောင်မြင်မှုအရှိန်အဝါကြီးခဲ့သူပါ ... မော်ဒယ်ဘဝကစပြီး မင်းသမီးဖြစ်လာတဲ့တိုင်အောင် သူမရဲ့ ဖက်ရှင်ရွေးချယ်မှုက အသက်အရွယ်နဲ့အလိုက် ခေတ်မီလှပတင့်တယ်နေပါတယ် ။ ထူးခြားဆုံးတစ်ခုကတော့ ဒီလောက်ဖက်ရှင်ကျနေတာတောင် သူ့ရဲ့ဝတ်စုံတိုင်းက အမြဲ လုံလုံခြုံခြုံနဲ့ အတိုအပြတ်တွေမပါတာပါ ။ ခေတ်ကြီးပြောင်းလဲလာတာနဲ့အမျှအနောက်တိုင်းယဉ်ကျေးမှုတွေ ပျံနှံလာပြီး ခေတ်ရဲ့ သမီးပျိုတွေဟာ ဖော်မှ ပေါ်မှလှတယ်လို့ ထင်မြင်လာကြပါတယ် ။ နုနုငယ်ငယ်လေးတွေမို့ ဖော်ထားတဲ့အသားလေးတွေက ဝင်းပြီး တကယ်လဲကြည့်လို့လှပါတယ် ... သို့ပေမယ့်လဲ ဖော်မှပဲလှမယ်ဆိုတာ အမြဲတမ်းအတွက်တော့ မမှန်ဘူးဆိုတာသက်သေပြဖို့ အမြင်မရိုင်းဘဲခေတ်မီလှပနေတဲ့ အိန္ဒြာကျော်ဇင်ရဲ့ ဖက်ရှင်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော် ။ 

Photo Source : google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။