ပရိတ်သတ်တွေရဲ့ အချစ်တော် မင်းသမီးချောလေးဖြစ်တဲ့ ဝတ်မှုံရွှေရည်ဟာဆိုရင် ချစ်ဖို့ကောင်းတဲ့အပြုံးလေးနဲ့ အရမ်းကိုချစ်စရာကောင်းတဲ့ သူလေးဖြစ်ပါတယ်။ သရုပ်ဆောင်ပိုင်မှာတော့ ပြောစရာမလိုအောင် အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ အရမ်းကိုချစ်ဖို့ကောင်းတဲ့ ကစ်လေးက ပရိတ်သတ်တွေအပေါ်မှာလည်းဖော်ရွှေပြီး စိတ်ထားဖြူစင်တဲ့သူလေးဖြစ်ပါတယ်။

ချစ်စရာကောင်းတဲ့ ကောင်မလေးအဖြစ်ကနေ အရမ်းကိုစမတ်ကျတဲ့ ကောင်လေးအဖြစ် နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကို ခြွေမယ့် ကိုကို တစ်ဦးအသွင်နဲ့ မြင်တွေ့ရမယ့် ကစ်ရဲ့ ရုပ်ရှင်ဇာတ်ကားသစ်ကြီး ဖြစ်တဲ့ " ရန်သူ " ရုပ်ရှင်ဇာတ်ကားကြီးမှာ အချစ်ကြီးတဲ့ ကောင်လေးအဖြစ် မြင်တွေ့ရမှာဖြစ်ပါတယ်။ ပုရိသတွေရဲ့ အသည်းကျော်လေး ကစ်ကတော့ ယခုတစ်ခေါက်မှာ ပုံစံအသစ်နဲ့ အလန်းဆုံးဖြစ်နေပြီး တစ်မျိုးလေးချစ်ဖို့ကောင်းနေပါတယ်။

မိတ်ကပ်ပညာရှင်တစ်ဦးဖြစ်တဲ့ မေဦးရဲ့ အမိုက်စား ပြင်ဆင်မှုနဲ့အတူ ဆံပင် ပုံစံအလန်းလေးနဲ့ " ရန်သူ " ဇာတ်ကားကြီးရဲ့ မိတ်ဆက်ပွဲ အခမ်းအနားကို တက်ရောက်ခဲ့တာဖြစ်ပါတယ်။ ဖြူဖွေးနေတဲ့အသားအရည်လေးနဲ့ အရမ်းကိုချစ်စရာကောင်းတဲ့ ကစ်လေးကို ယောကျာ်းလေးအသွင်နဲ့ အများကြားမှာ စမတ်ကျနေတဲ့ ကစ်လေးရဲ့ ပွဲတက်ပုံရိပ်လေးတွေကို ပရိတ်သတ်တွေ အတွက်တင်ပေးလိုက်ပါတယ်နော်။

Source:Wutt Hmone Shwe Yi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။