ပန်းရောင်ခြယ်ဆိုတဲ့ တေးသံရှင်မလေးကတော့ ဆယ်ကျော်သက်တွေကြားမှာသာမက လူကြီးပရိသတ်တွေရဲ့အားပေးမှုကိုပါ တခဲနက်ရရှိထားတဲ့ တေးသံရှင်မလေးတစ်ဦးပဲဖြစ်ပါတယ်။

ဒါ့အပြင် ဖေဖေရယ် ၊ မေမေရယ် ၊ညီမလေးရယ်နဲ့ ပျော်ရွှင်စရာကောင်းတဲ့ သူမရဲ့မိသားစု ဘဝဖြတ်သန်းပုံလေးတွေကလည်း ပရိသတ်တွေအားကျနှစ်သက်ကြရတဲ့ မိသားစုဘဝလေးပဲဖြစ်ပါတယ်။ 

အမြဲလိုလိုအပြုံးတွေနဲ့သာ နေ့ရက်တိုင်းကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းတတ်တဲ့ ပန်းရောင်တို့မိသားစုလေးကတော့ အခုဆိုရင် ဒူဘိုင်း နိုင်ငံကိုအလည်အပတ်ရောက်ရှိနေတာပဲဖြစ်ပါတယ်။

ဒူဘိုင်းနိုင်ငံမှာတော့ သူမတို့မိသားစုလေးဟာ အထင်ကရ နေရာတွေလည်းသွားရောက်လည်ပတ်ကြသလို မိသားစုစုံစုံညီညီစကားလေးတွေပြောလိုက် ပင်ပန်းသမျှကိုအပန်းဖြေရင်းပျော်ရွှင်နေကြပုံလေးတွေက အရမ်းအားကျစရာကောင်းလှပါတယ်။ 

မိသားစုဝင်တွေအကုန်လုံး ချစ်ချစ်ခင်ခင် စည်းစည်းလုံးလုံးနဲ့ ခရီးတွေအတူထွက်ကြ ပျော်ရွှင်စရာတွေကိုလည်း အတူတူမျှဝေခံစားကြတဲ့ ပန်းရောင်တို့ မိသားစုလေးကိုကြည့်ပြီး ကြည်နူးမှုတွေ မခံစားရဘူလားပရိသတ်ကြီးရေ။

ပရိသတ်တွေရော ပန်းရောင်တို့မိသားစုလို ပြည်ပနိုင်ငံကို မိသားစုလိုက်ကြီး အပျော်ခရီးမထွက်ချင်ကြဘူးလား။ 

source - Pan Yaung Chel

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။