ဘာစီလိုနာနဲ့ရီးရဲယ်​မက်​ဒရစ်​အသင်​းတို့ဟာလာမည့်​ဇူလိုင်​လမှာ International Champions Cup ပြိုင်​ပွဲရဲ့ပွဲစဉ်​တစ်​ပွဲအဖြစ်​မီယာမီမှာ​တွေ့ဆုံယှဉ်​ပြိုင်​ကစားရမှာဖြစ်​ပြီးဒါဟာအ​မေရိကန်​ပြည်​​ထောင်​စုမှာပထမဦးဆုံးအကြိမ်​ယှဉ်​ပြိုင်​ကစားမယ်​့အယ်​လ်​ကလာစီကိုပွဲစဉ်​ဖြစ်​လာ​တော့မှာဖြစ်​ပါတယ်​။

အဆိုပါလာလီဂါရဲ့အင်​အားကြီးအသင်​းနှစ်​သင်​း​တွေ့ဆုံမယ်​့ပွဲစဉ်​ကိုလာမည်​့ဇူလိုင်​လ၂၉ရက်​​နေ့မီယာမီဂါဒန်​းမှာရှိတဲ့ Hard Rock Stadium မှာကျင်​းပမှာဖြစ်​ပြီ်​းအဆိုပါကွင်​းဟာအ​မေရိကန်​ဖွတ်​​ဘောလိဂ်​အသင်​းတစ်​သင်​းဖြစ်​တဲ့မီယာမီ​​ဒေါ်ဖန်​အသင်​းပိုင်​တဲ့ကွင်​းပဲဖြစ်​ပါတယ်​။

ရီးရဲယ်​မက်​ဒရစ်နဲ့ဘာစီလိုနာအသင်​းတို့စပိန်​နိုင်​ငံပြင်​ပမှာတစ်​ကြိမ်​သာ​တေ​ွ့ဆုံခဲ့ဖူးပြီးဒါဟာလွန်​ခဲ့တဲ့၁၉၈၂ခုနှစ်​က​ဗင်​နီဇွဲလားနိုင်​ငံမှာ​တွေ့ဆုံခဲ့တဲ့ပွဲစဉ်​ဖြစ်​ပြီးရီးရဲယ်​ကဘာကာကို ​ဗင်​ဆန်​တီဒဲလ်​​ဘော့စ​ကေးရဲ့တစ်​လုံးတည်​း​သောဂိုးနဲ့အနို်​င်​ရရှိခဲ့ပါတယ်​။

ဘာစီလိုနာဟာလာမည်​့​နွေရာသီမှာကျင်​းပမယ်​့ International Champions Cup ပြိုင်​ပွဲဝင်​​ရောက်​ယှဉ်​ပြိုင်​ကစားမယ်​့ကမ္ဘာ့နာမည်​​ကျော်​​ဘောလုံးအသင်​းကြီး​တွေထဲကတစ်​သင်​းဖြစ်​ပြီးအဆိုပါရာသီကြိုအားကစားပြိုင်​ပွဲကိုအ​မေရိကန်​ ဥ​ရောပ တရုတ်​နဲ့သြ​စ​တေးလျရှိကွင်​းကြီိး၁၉ကွင်​းမှာအသီးသီးယှဉ်​ပြိုင်​ကစားကြမှာဖြစ်​ပါတယ်​။

Ref: AS

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။