ဗြိတိန်နိုင်ငံ လန်ဒန်မြို့က V&A ပြတိုက်မှာတော့ ဒီဇင်ဘာလ ၆ ရက်နေ့ကနေ ၈ ရက်နေ့အထိ မုန့်တွေနဲ့ ဖန်တီးပုံဖော်ကြတဲ့ပွဲတော်တစ်ခုကိုကျင်းပနေပါတယ်။

ဒီပွဲတော်ကြီးအတွင်းမှာတော့ ဘီစကစ်တွေ ၊ ကိတ်မုန့် တွေ ၊ ပေါင်မုန့်တွေကို သုံးပြီး အဆောက်အဦး ၆၀ ကျော်လောက်ကို ဖန်တီးပြသနေကြပါတယ်။ 

ဒါ့အပြင်ဗိသုကာ ပညာရှင်တွေကလည်း မုန်တွေ့နဲ့ဖန်တီးထားတဲ့ မြို့တော်ကြီးတစ်ခုကို ဖန်တီးတည်ဆောက်နေသလို ဒါဟာပျော်စရာကောင်းတဲ့ မြို့ပြစီမံကိန်းတစ်ခုကို ပြသလိုတာဖြစ်တယ်လို့သိရပါတယ်။

၎င်းမုန့်မြို့တော်ထဲက အဆောက်အဦးတစ်ခုကိုလည်း Foster and partners အဖွဲ့က ပုံစုံထုတ်ပြီး စက်ရုပ်တရုပ်ကတည်ဆောက်ပြခဲ့တာကြောင့် လူအများကတော်တော်စိတ်ဝင်စားခဲ့ကြပါတယ်။

ဒါ့အပြင် အခုလိုတည်ဆောက်မှုဟာ ပြပွဲပြုလုပ်လာတဲ့သက်တမ်းတစ်လျှောက်ပထမဆုံးဖြစ်တယ်လို့လည်းသိရပါတယ်။

source -dvb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။