မကြာသေးခင်ကမှာ မင်္ဂလာနှစ်ပတ်လည်ကို ကျင်းပသွားတဲ့ အာဇာနည်တို့ ဇနီးမောင်နှံ နှစ်ယောက်က လိုက်ဖက်ညီလွန်းလှတဲ့ ဇနီးမောင်နှံနှစ်ယောက်ပါ။အာဇာနည်ဆိုလည်း ဝမ်းကို အရမ်းချစ်သလို ဝမ်းကလည်း အာဇာနည် မျက်နှာ တစ်ကမ္ဘာထင်သူပါ။အာဇာနည်က သီချင်းဆိုရင်လည်း အသံပါဝါကောင်းကောင်းနဲ့ သူ့ရဲ့ သီချင်းတိုင်းဟာ အရမ်းနားထောင်လို့ ကောင်းပါတယ်။ 

ဝမ်းကလည်း The Lace ဆိုတဲ့ ဆိုင်ဖွင့်ထားပြီး တနိုင်တပိုင် စီးပွားရှာနေပါတယ်။သူတို့မိသားစုမှာ သားလေးနှစ်ယောက်ကို ပိုင်ဆိုင်ထားပါတယ်။ပရိတ်သက်တွေက အဖေနဲ့အမေကို ချစ်ရုံသာမက သားလေးနှစ်ယောက်ကိုပါ ချစ်စရာကောင်းလွန်းလို့ ချစ်နေကြတာပါ။သားကြီးလေးကလည်း အရမ်းကို သိတက်လိမ္မာလွန်းလို့ ချစ်နေရသလို အငယ်လေးကလည်း အရုပ်လေးအတိုင်းချစ်စရာကောင်းလွန်းလို့ ပရိတ်သက်တွေရဲ့ အသည်းကျော်တွေ ဖြစ်နေပါတယ်။

အာဇာနည်ရဲ့ မင်္ဂလာနှစ်ပတ်လည်မှာ အာဇာနည်က "ဝမ်း.......ဝမ်းကိုအချစ်ဆုံးဆိုတာ ဝမ်းသိတယ်နော်"ဆိုတဲ့ စကားလေးက ဝမ်းရင်ထဲထိမထိတော့မသိဘူး ပရိတ်သက်ရင်ထဲတော့ တော်တော်လေးထိသွားပါတယ်။ချစ်တတ်လိုက်လေခြင်းလို့လည်း တွေးမိကြပါတယ်။ဝမ်းရဲ့ကံကောင်းမှု့ကိုလည်း မိန်းကလေးပရိတ်သက်က တော်တော်လေးအားကျနေရတာပါ။အခုလည်း အာဇာနည်ကို ဝမ်းက ကားကိုယ်တိုင် မောင်းပို့ပေးတာကို "My Lovely Driver lay"လို့ အာဇာနည်က ချစ်စဖွယ်လေးတင်ထားပါသေးတယ်။အရမ်းချစ်တတ်လိုက်တဲ့ဇနီးမောင်နှံပါနော်။

Source:Zarni Myonyunt

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။