ပရိတ်သတ်တွေရဲ့ အချစ်တော်ကြီးဖြစ်တဲ့ စိုင်းစိုင်းခမ်းလှိုင်ကတော့ ရုပ်ရှင်အနုပညာမှာကော ဂီတလောကမှာပါ လက်ရှိအချိန်ထိ ပရိတ်သတ် အခိုင်အမာနဲ့ အောင်မြင်နေတဲ့ သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ စိုင်းစိုင်းရဲ့ ချစ်စရာကောင်းတဲ့ စိတ်ဓာတ်လေးဖြစ်တဲ့ ဝေဖန်သူတွေအပေါ် ထားတဲ့ စိတ်ထားလေးကြောင့် တစ်နိုင်ငံလုံးက ချစ်ရပြီး အောင်မြင်မှုတွေကို အချိန်ကြာစွာထိန်းသိမ်းထားနိုင်သူတစ်ဦးပဲ ဖြစ်ပါတယ်။

စိုင်းစိုင်းဆိုပြီး ဂီတလောကမှာအောင်မြင်လာစဉ်ကတည်းက ပရိတ်သတ်တွေရဲ့ အချစ်တော် အတွဲလေးဖြစ်ခဲ့တဲ့ စိုင်းစိုင်း နဲ့ ကစ်တို့ ရဲ့ အချစ်ရေးဟာလည်း ပရိတ်သတ်တွေကြားမှာ ယခုချိန်ထိ ရေပန်းစားလျက်ရှိနေပါတယ်။ သဘောထား မတိုက်ဆိုင်မှုကြောင့် လမ်းခွဲခဲ့ပြီးတဲ့နောက်မှာ ယခုချိန်ထိ လူပျိုကြီးဘဝနဲ့ တည်မြဲနေဆဲဖြစ်တဲ့ စိုင်းစိုင်းကတော့ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းဆွဲ ကိုကိုတစ်ယောက်အဖြစ် နာမည်ကြီးနေတဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။

အမြဲတမ်း အသစ်အသစ်တွေကို ဖန်တီးပြီး ပရိတ်သတ်တွေ အတွက်အကောင်းဆုံးသော အရာတွေကို ထုတ်လုတ်ပေးနေတဲ့ Sai Cosmetic ကို တည်ထောင်ထားသူတစ်ဦးလည်းဖြစ်ပါတယ်နော်။ အသက် (၃၉) နှစ်ကျော်လာပြီဖြစ်တဲ့ စိုင်းစိုင်းကတော့ သူရဲ့ ခိုးအောင်းနေတဲ့ အချစ်တွေကို ဖွင့်ထုတ်လိုက်တဲ့ ဗီဒီယိုလေးကို ပရိတ်သတ်တွေ အတွက်တင်ပေးလိုက်တယ်နော်။

Source:Sai Sai Kham Leng

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။