ပရိတ်သတ်ကြီးရေ... ရုပ်ရှင် ဗီဒီယိုလောကမှာ နာမည်ကြီးတစ်ယောက်ဖြစ်တဲ့ အကယ်ဒမီဒွေးရဲ့ ညီတစ်ယောက်ဖြစ်သလို သူမတူတဲ့ရိုက်ကွင်းရိုက်ကွက်တွေနဲ့ ဇာတ်လမ်းဖန်တီးမှုတွေကြောင့် ပရိတ်သတ်တွေအားပေးမှုကိုတခဲနက်ရရှိထားတဲ့ သရုပ်ဆောင်ဒါရိုက်တာသားညီဟာသတ်ကွင်းဆိုတဲ့ အမိုက်စားရုပ်ရှင်ဇာတ်ကြမ်းကားကြီးကိုပရိတ်သတ်တွေရှေ့ကိုချပြခဲ့ပြန်ပါပြီနော်။ ဒါရိုက်တာပိုင်းမှာလည်းအရမ်းထူးချွန်သလို သရုပ်ဆောင်လည်းအရမ်းကောင်းတော့ ပရိတ်သတ်တွေက သူရိုက်သမျှဇာတ်ကားတိုင်းကို စိတ်ဝင်စားမှုအပြည့်နဲ့စောင့်မျှော်နေရပါတယ်။

ဒီကားမှာ ပါဝင်သရုပ်ဆောင်ထားတဲ့သူတွေကတော့ မင်းသွေး၊စည်ဖြိုး၊နေရဲ၊ထူးခြားတို့အပြင် ဧည့်သည်သရုပ်ဆောင်အနေနဲ့ အကယ်ဒမီရ နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ နေတိုး၊သက်မွန်မြင့်၊ဇင်ဝိုင်း၊ပိုင်ဖြိုးသုတို့က ပါဝင်အားဖြည့်သရုပ်ဆောင်ထားကြပါတယ်။ ဒါပေမယ့် သရုပ်ဆောင်မင်းသား မင်းသွေးကတော့ ဆုံးပါးသွားပြီဖြစ်တဲ့အတွက် သတ်ကွင်းရုပ်ရှင်ရဲ့ Red Carpet Showကိုမရောက်ရှိလာနိုင်တော့ပါဘူး။ 

အနုပညာရှင်တွေအားလုံးဝမ်းနည်းနေကြသလို ဒါရိုက်တာသားညီကိုယ်တိုင်လည်း မင်းသွေးအတွက်ကြေကွဲခဲ့ရပါတယ်။ မင်းသွေးနဲ့အတူတူဓာတ်ပုံတွဲရိုက်ပြီး သတ်ကွင်းကိုဂုဏ်ပြုပေးချင်ပေမယ့် အခုတော့ မင်းသွေးရဲ့ ပိုစတာလေးနဲ့သာရိုက်ဖြစ်ခဲ့ရတဲ့အတွက် စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။ မင်းသွေးမပါဝင်နိုင်တော့တဲ့ဒီပွဲလေးကို လာရောက်ခဲ့ကြတဲ့ဧည့်သည်တော်တွေ ပရိတ်သတ်တွေနဲ့ ဒါရိုက်တာ ပရိုဂျူဆာ အနုပညာညီအကိုမောင်နှမတွေအားလုံးကို သတ်ကွင်းရဲ့ဒါရိုက်တာ သားညီက ကျေးဇူးတင်ကြောင်းဆိုထားပါတယ်။

Source : Thar Nyi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။