အကယ်ဒမီပေးပွဲကို တက်မယ့် ယွန်းယွန်းက မြန်မာဆန်ဆန်နဲ ့လုံလုံခြုံ ခြုံ ဖြစ်မယ့် ဖက်ရှင်မျိုးကို ရွေးချယ်ဝတ်ဆင်မယ်လို ့ပြော

သရုပ်ဆောင် ယွန်းယွန်းက “တိမ်မင်းသမီးရဲ ့ဒဏ္ဍာရီ” ရုပ်ရှင်ဇာတ်ကားနဲ ့၂၀၁၂ ခုနှစ် အကယ်ဒမီထူးချွန်ဆုပေးပွဲမှာ အထူးဆုကို ရရှိခဲ့သူတစ်ဦးဖြစ်ပါတယ်။

ယွန်းယွန်းက အခုတက်မယ့် အကယ်ဒမီပေးပွဲကို အနုပညာညီအစ်ကို မောင်နှမတွေကို အားပေးဖို ့အတွက်တက်ရောက်သွားမှာဖြစ်တယ်လို ့ပြောပါတယ်။

ပွဲမှာ ဝတ်ဆင်မယ့် ဝတ်စုံနဲ ့ပတ်သက်ပြီး ယွန်းယွန်းက သူမ ဝတ်ဆင်မယ့် ဝတ်စုံကို ဒီဇိုင်နာ အန်တီ ဌေးဌေးတင်က ချုပ်ပေးမှာဖြစ်ပြီး သူမနှစ်စဉ်

ဝတ်ဆင်နေကျပုံစံအတိုင်း မြန််မာဆန်ဆန်နဲ ့လုံလုံခြုံ ခြုံ ဖြစ်တဲ့ ပုံစံကို ပဲ ဝတ်ဆင်သွားမှာဖြစ်တယ်လို ့ဆိုပါတယ်။

ယခုနှစ် အကယ်ဒမီဇကာတင်စာရင်းမှာ ဇာတ်ကားကောင်းများစွာ ပါဝင်နေပြီး ယွန်းယွန်းအနေနဲ ့ဒီနှစ်အကယ်ဒမီအတွက် သူမရင်ခုန်ပေးနေတဲ့

အနုပညာရှင်တွေနဲ ့ပတ်သက်ပြီးတော့ တကယ်အရည်အချင်းရှိပြီး အကယ်ဒမီမရကြသေးသူ အစ်ကို အစ်မတွေကို ရစေချင်ကြောင်းပြောသွားခဲ့ပါတယ်။

Source: Popular 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။