VCD ခေတ်ရဲ့ လူကြိုက်အများဆုံး မင်းသားချောတစ်ဦးဖြစ်တဲ့ ပိုင်ဇေရဲထွန်းကတော့ တစ်ချိန်က လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့သူ ဖြစ်ပါတယ်။ အခုချိန်မှာတော့ ပိုင်ဇေရဲထွန်းက အနုပညာအလုပ်တွေကနေ အနားယူပြီး မိသားစုကိုသာ အချိန်ပေးဂရုစိုက်နေတာ တွေ့ရပါတယ်။ အိမ်ထောင်ဦးစီးကောင်းပီသတဲ့ ပိုင်ဇေရဲထွန်းက သားနှစ်ယောက်၊သမီးတစ်ယောက် အပေါ်မှာလည်း တာဝန်ကျေပွန်တဲ့ ဖခင်ကောင်းတစ်ယောက် ဖြစ်ပါတယ်။

ပိုင်ဇေရဲထွန်းတို့ မိသားစုလေးက စည်းစည်းလုံးလုံးနဲ့ အရမ်းကိုကြည်နူးစရာကောင်းတာကြောင့် ပရိသတ်တွေသာမက အနုပညာရှင် အချင်းချင်းတောင် အားကျနေရတာ ဖြစ်ပါတယ်။ အခုလည်း ဖေဖေ ပိုင်ဇေရဲထွန်းက တစ်ယောက်တည်းရှိတဲ့ သမီးလေးအတွက် သူရဲ့ဂရုစိုက်မှုနဲ့ ချစ်ခင်မှုတွေကို ပြသလိုက်ပါတယ်။ ဒါကတော့ သမီးလေးအတွက် မရှိမဖြစ် အသုံးအဆောင်လေးတွေကို " nex Singapore" ရောက်တုန်း ကိုယ်တိုင်ရှာဝယ်ပေးခဲ့တာ ဖြစ်ပါတယ်။

အဖေကောင်းတစ်ယောက်ဖြစ်တဲ့ ပိုင်ဇေရဲထွန်းရဲ့ ဈေးဝယ်နေတဲ့ပုံလေးတွေကိုလည်း ဇနီးချောလေး ဇင်သဲနိုင်က "သူ့သမီးတွက် bra နဲ့ parties လိုက်ရှာနေတာတဲ့" ဆိုပြီး တင်ထားတာ တွေ့ရပါတယ်။ "Best Father Forever" လို့တောင် တင်စားရလောက်အောင် ဖေဖေ ပိုင်ဇေရဲထွန်းရဲ့စေတနာတွေက ကြည့်တာနဲ့တင် မြင်တွေ့နေရပါတယ်နော်။ ကဲ ချစ်ပရိသတ်တွေအတွက် ဈေးဝယ်နေတဲ့ ဖေဖေပိုင်ဇေရဲထွန်းရဲ့ပုံလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Zin Thae Naing; 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။