ဝါရင့်သရုပ်ဆောင်တွေဖြစ်ကြတဲ့ အကယ်ဒမီအောင်ခိုင်နဲ့ အကယ်ဒမီဝါဝါအောင်တို့နှစ်ယောက်သား ရွှေလက်တွဲခဲ့တာ အခုဆိုရင် ဆယ့်သုံးနှစ်တိတိ ပြည့်မြောက်ခဲ့ပြီပဲဖြစ်ပါတယ်။ တကယ်ကိုကြည်နူးစရာကောင်းတဲ့ နှစ်ယောက်သားကတော့ အသက်တွေကြီးလဲ အချစ်တွေလျော့မသွားကြပါဘူး။ ရုပ်ရှင်ဇာတ်ကားတွေမှာလည်း အတူတူတွဲသရုပ်ဆောင်တတ်ပြီး လိုက်ဖက်ညီလွန်းတဲ့သူတွေပါပဲ။

အသက်ကြီးပေမယ့် အလှတွေကမပျက်ဆီးသေးပဲ ယနေ့ထက်တိုင်လှနေဆဲဖြစ်တဲ့ ဝါဝါအောင်ကို အောင်ခိုင်တစ်ယောက် အချစ်တွေပိုနေတာ မဆန်းတော့ပါဘူး။ မင်္ဂလာနှစ်ပတ် လည်ဆယ့်သုံးနှစ်ပြည့်နေ့လေးမှာ နှစ်ယောက်သားက (၈၉)မိုင်က YGW မိဘမဲ့ဂေဟာ ကလေးများစောင့်ရှောက်ရေးကျာင်းမှာ ပြုလုပ်ခဲ့ကြတာပဲဖြစ်ပါတယ်။

နှစ်ယောက်သားက လက်ရှိအချိန်ထိ သားသမီးမထွန်းကားသေးပဲ နှစ်ယောက်တစ်ကမ္ဘာလေးကို တည်ဆောက်ထားကြပြီး ပျော်ပျော်ရွှင်ရွှင် အေးအေးချမ်းချမ်း ဖြတ်သန်းနေကြတာပဲဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့လင်မယားနှစ်ယောက် အသက်တွေပိုပိုပြီးကြီးလာတဲ့အထိ အချစ်တွေမလျော့ပဲ ဆထက်တပိုးတိုးပြီးချစ်သွားနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေး လိုက်ပါတယ်နော်။

Exclusively by Myanmarload

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။