ကမ္ဘာပေါ်မှာ အချစ်ငှက်လေးတွေ များစွာရှိပြီး အချစ်မှာ ဘာသာရေး၊အသားအရောင်၊အရပ်အမောင်း စတာတွေက ဘာမှမဆိုင်ကြပါဘူး။ ဖူးစာပါရင် ညားတတ်ကြတယ်ဆိုတာကို အတော်အများကလက်ခံထားပါတယ်။ မကြာသေးခင်ကမှ လက်ထပ်ထားကြတဲ့ အဆိုတော် Nick Jonas နဲ့ Bollywood မင်းသမီး Priyanka Chopra တို့ကို ကြည့်ချင်အားဖြင့် သိသာလွန်းပါတယ်။ 

သူတို့ရဲ့မင်္ဂလာဆောင်ဟာဆိုရင် လူတိုင်းအားကျရတဲ့ မင်္ဂလာဆောင်ဖြစ်ပါတယ်။ အရမ်းကို ကြီးကျယ်ခမ်းနားပြီး အရမ်းကို ရိုမန်တစ် ဆန်နေတာကိုတွေ့ချင်အားဖြင့် လူတွေဟာ တော်တော်ကို အားကျနေရပါတယ်။ မိန်းကလေးတွေရဲ့ အိမ်မက်ကလေးကို လက်တွေ့ပြလိုက်တာပါပဲ။ ခုချိန်မှာတော့ သူတို့နှစ်ယောက်ရဲ့ အလှစုံတွဲပုံလေးတွေက မြင်သူအားကျစေလောက်တယ်။

သူတို့ဟာ ၃နှစ်လောက် တွဲခဲ့ပြီး 2018ခုနှစ် November 30 မှာ ၅ရက်တိုင် မင်္ဂလာဆောင်ကိုပြုလုပ်ခဲ့ကြပါတယ်။ သူတို့ရဲ့ မင်္ဂလာဆောင်ကို India ဝတ်စုံနဲ့ရော အနောက်တိုင်း ဝတ်စုံနဲ့ပါ ဝတ်ဆင်ခဲ့ကြပါတယ်။ ခုချိန်မှာတော့ Nick Jonas နဲ့ Priyanka Chopra က သူတို့ရဲ့ Wedding Album ကို မျှဝေပေးလိုက်ပါတယ်။ပရိတ်သတ်ကြီးလည်း အားကျမယ်လိုထင်ပါတယ်..။ 

Source : People

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။