ဗီယက်နမ်ယူ၂၁ဖိတ်ခေါ်ဖလားပြိုင်ပွဲကတော့လာမယ့်ဒီဇင်ဘာ၁၂ရက်နေ့မှာယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ဒီပြိုင်ပွဲကိုတော့အိမ်ရှင်ဗီယက်နမ်အပါအဝင်မြန်မာ၊မလေးရှားနဲ့တောင်ကိုရီးယားယူ၂၁အသင်းတွေလာရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ဒီပြိုင်ပွဲမှာတော့အာရှနဲ့အာစီယံထိပ်သီးအသင်းတွေပါဝင်တာကြောင့်မြန်မာအသင်းအတွက်တော့အတွေ့ကြုံကောင်းတွေရရှိမှာသေချာပါတယ်။

မြန်မာယူ၂၁အသင်းဟာဒီပြိုင်ပွဲအတွက်အချိန်၂လကျော်ကြာအချိန်ယူပြင်ဆင်ခဲ့တာပါ။လက်ရွေးစင်အသင်းကဂိုးသမားဘုန်းသစွာမင်းနဲ့စိုးမိုးကျော်တို့ကိုပြန်လည်ခေါ်ယူထားတာပါ။ဒီမြန်မာယူ၂၁အသင်းကိုတော့ဦးကြည်လွင်ကနည်းပြချုပ်အဖြစ်တာဝန်ယူမှာဖြစ်ပါတယ်။ဒီပြိုင်ပွဲမှာတော့ကစားသမားတွေကလူငယ်တွေဖြစ်တာကြောင့်တစ်ချိန်မှာမြန်မာအသင်းအတွက်အားထားရမယ့်သူတွေဖြစ်လာမှာကျိန်းသေပါတယ်။

မြန်မအသင်းကလက်ရွေးစင်အသင်းကစားသမားတွေနဲ့အသက်ရွယ်မကွာတာကြောင့်လက်ရွေးစင်ပြိုင်ပွဲတွေမှာအောင်မြင်နိုင်ဖို့လမ်းစပြုနေတာပါ။မြန်မာယူ၂၁အသင်းကတော့အာရှယူ၂၃ခြေစစ်ပွဲနဲ့၂၀၁၉ဆီးဂိမ်းပြိုင်ပွဲအတွက်ကာတာကြာရှည်စွာဖွဲ့စည်းထားတာဖြစ်တာကြောင့်ဝေးကွာနေတဲ့အောင်မြင်မှုတွေကိုပြန်ယူနိုင်မလားစိတ်ဝင်စားဖို့ကောင်းနေတာဖြစ်ပါတယ်။လာမယ့်၁၂ရက်နေ့ဗီယက်နမ်အသင်းနဲ့အဖွင့်ပွဲလေးတွေကိုလည်းအားပေးကြပါဦးနော်။

PHOTO:MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။