ပရိတ်သတ်ကြီးရေ အခုထိရုံတင်နေဆဲဖြစ်တဲ့ မုန်းစွဲ ရုပ်ရှင်ဇာတ်ကားကြီး မှာပါဝင်သရုပ်ဆောင်ထားတဲ့ ပရိတ်သတ်တွေရဲ့ အသည်းကျော်လေးဖွေးစိန်ဟာ သဘာဝကျတဲ့သရုပ်ဆောင်ချက်တွေနဲ့အတူပရိတ်သတ်တွေကို ဖမ်းစားနိုင်ခဲ့ပါတယ်နော်။ ပီပြင်လွန်းတဲ့သရုပ်ဆောင်ချက်တွေကြောင့် ပရိတ်သတ်တွေရဲ့ လက်ခုပ်သံဟာ မုန်းစွဲအဖွဲ့သားတွေအတွက်ဖြစ်ခဲ့ရပါတယ်

ရုပ်ရှင်ဇာတ်ကားကြီးတွေဆက်တိုက်ရိုက်ကူးနေရပြီးတော့ ၂၀၁၈ခုနှစ်ထဲမှာဆိုရင် သူမရဲ့ရုပ်ရှင်ဇာတ်ကားအများအပြားကိုရုံတင်ပြသခြင်းခံခဲ့ရပါတယ်။ ဒီလိုရုံတင်ကားတွေထဲကနေပြီးတော့ ဇာတ်လမ်း ဇာတ်ညွှန်း ဒါရိုက်တာ သရုပ်ဆောင် စသဖြင့်အရမ်းကိုပြည့်စုံ ကောင်းမွန်တဲ့ရုံတင်ဇာတ်ကားကြီးတစ်ကားဖြစ်တဲ့ သမ္မတကြီးထံပေးစာ ဇာတ်ကားဟာလည်း ပရိတ်သတ်တွေ အတွက်နိုင်ငံရေးအသိအမြင်တိုးပွားစေပြီး မလွတ်လပ်သေးတဲ့ ရုပ်ရှင်လောကစည်းမျဉ်းဘောင်ထဲကနေ ပုံစံတစ်မျိုးနဲ့တိုးထွက်လာခဲ့တဲကားပဲဖြစ်ပါတယ်။ 

ဒါကြောင့်လည်း ဒီဇာတ်ကားမှာပါဝင်ခဲ့တဲ့ သမ္မတကြီးထံပေးစာအဖွဲ့သားများအားလုံးကို မြန်မာနိုင်ငံသတင်းစာဆရာများအသင်းကနေပြီးတော့ ဂုဏ်ထူးဆောင်အသင်းသားများအဖြစ် အသိအမှတ်ပြုဂုဏ်ပြုခဲ့ကြပါတယ်။ မိမိတို့ကြိုးစားခဲ့သမျှအရာထင်ခဲ့တဲ့အတွက် တစ်ဖွဲ့သားလုံးဝမ်းမြောက်ဝမ်းသာဖြစ်နေကြရပါတယ်။ ဖွေးစိန်လေးကတော့ အခက်အခဲတွေ "အတိုက်အခိုက်တွေကြားကချစ်တဲ့သူတွေနဲ့ အတူဆက်ပြီး ကြိုးစားဖို့အားအင်တွေ တက်ခဲ့ရပါတယ်" လို့ ဆိုကာ အားလုံးကိုကျေးဇူးတင်ကြောင်းပြောထားတာတွေ့ရပါတယ်နော်။

Source : Phway Phway

Photo Crd: Amazing Grace

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။