ပရိသတ်ကြီးရေ.. မင်းသွေးရဲ့ အကောင်းဆုံးကြိုးစားထားတဲ့ “သတ်ကွင်း” ရုပ်ရှင်ဇာတ်ကားကြီးကတော့ မင်းသွေးအနေနဲ့ သူ့ဘဝမှာ အလုပ်ချင်ဆုံးနဲ့ သူဖြစ်ချင်တာတွေကို အရာခိုင်နှုန်းအများဆုံး လုပ်နိုင်ခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကြီးပဲ ဖြစ်ပါတယ်..။

လာမယ့် ဒီဇင်ဘာ(၁၄)ရက်နေ့မှာ ပရိသတ်တွေရှေ့ ရောက်ရှိလာတော့မယ့် သတ်ကွင်း ရုပ်ရှင်ဇာတ်ကားကြီးကတော့ အခုကတည်းက ပရိသတ်တွေရဲ့ အားပေးဝန်းရံမှုတွေကို အခိုင်အမာရရှိထားသလို ဇာတ်ကားမထွက်ခင်ကတည်းက အားလုံးရဲ့ စိတ်ဝင်စားမှုတွေကို ရရှိထားတဲ့ ဇာတ်ကားဆိုလည်း မမှားပါဘူး..။

အခုတစ်ခါမှာ နေတိုးတစ်ယောက် ကွယ်လွန်သွားတဲ့ ညီလေးမင်းသွေးရဲ့ ကြိုးစားအောင်မြင်မှုတွေကို ကြည့်ရင်း ဝမ်းနည်းဝမ်းသာဖြစ်ကာ ညီလေးမင်းသွေးကိုယ်စား ကျေးဇူးတင်စကားလေး ဆိုလိုက်ပါတယ်..။

“(သတ်ကွင်း )ရုပ်ရှင်ကားကိုအခုလိုရုံတင်ပြသနိုင်တဲ့ အချိန်တခုကိုရောက်လာအောင် နောက်ကွယ်မှ ကူညီပေးခဲ့ကြသောအနုပညာအတတ်ပညာရှင်များအားလုံးနဲ့ ကြည့်ရှု အားပေးကြမဲ့ပရိသတ်များအားလုံးကို မင်းသွေးရဲ့ ကိုယ်စား ကျေးဇူးအထူးတင်ရှိပါကြောင်း ပြောကြာရင်း ...သတိရခြင်းများစွာဖြင့် ....နေတိုး..” ဆိုပြီး မင်းသွေးရဲ့ အမှတ်တရဓာတ်ပုံလေးတွေနဲ့အတူ ရေးသားပြောကြားလိုက်တာပဲ ဖြစ်ပါတယ်..။

အံ့မခမ်းလောက်အောင် ပရိသတ်တွေရဲ့ အားပေးဝန်းရံမှုတွေကို ရရှိခဲ့တဲ့ “မုန်းစွဲ” ရုပ်ရှင်ဇာတ်ကားကြီးလိုပဲ စိတ်ရောကိုယ်ပါ အပင်ပန်းခံပြီး စိတ်တိုင်းကျ ရိုက်ကူးခဲ့တဲ့ “သတ်ကွင်း” ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း လမ်းပြကြီး “ဆမ်” အဖြစ် သရုပ်ဆောင်ထားတဲ့ မင်းသွေးရဲ့ သရုပ်ဆောင်ပုံရိပ်လေးတွေကိုတော့ ပရိသတ်ကြီး မကြာခင် မြင်တွေ့ရတော့မှာပါနော်..။

ပရိသတ်တွေရဲ့ လက်ခုပ်သံတွေက ရတဲ့ ပီတိနဲ့ ရှေ့ဆက်ရတဲ့ အနုပညာရှင်တွေဖြစ်သလို ဇာတ်ကားတွေရဲ့ အောင်မြင်မှုတွေကို မင်းသွေးတစ်ယောက် ခံစားခွင့်မရနိုင်တော့တဲ့ အတွက်လည်း နေတိုးနဲ့အတူ အနုပညာရှင်တော်တော်များများအပြင် ပရိသတ်တွေကလည်း စိတ်မကောင်းဖြစ်နေကြတာလည်း တွေ့ရပါတယ်..။

Photo - သတ်ကွင်း၊ နေတိုး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။