မိတ်ကပ်ပညာရှင်တစ်ဦး ဖြစ်တဲ့ ချီချီကတော့ အမြဲတက်ကြွပြီး ကိုယ်ယုံကြည်ရာကို မကြောက်မရွံ့ နဲ့ လုပ်ကိုင်နိုင်တဲ့ မိန်းကလေး တစ်ဦးပဲ ဖြစ်ပါတယ်။ ဘယ်အရာကို မဆို Target ထားပြီး စနစ်တကျနဲ့ ကြိုးစားလုပ်ကိုင်ခဲ့တဲ့ ရလဒ်တွေကို ယခုတစ်ဖန်ပြန်လည် ခံစားနေရပြီဖြစ်ပါတယ်။ ပွင့်လင်းရိုးသားတဲ့ ချီချီရဲ့ မတူညီတဲ့ စိတ်ကူးစိတ်သန်းတွေက ပရိတ်သတ်တွေကို အံ့သြမှုတွေဖြစ်စေခဲ့ပြီး ပရိတ်သတ်တွေရဲ့ အားပေးမှုတွေကလည်း အမြင့်ဆုံးကို ရောက်ရှိခဲ့ပါတယ်။

Beauty blogger တစ်ယောက်ဖြစ်တဲ့ ချီချီကတော့ ပရိတ်သတ်တွေ ဘယ်လိုမှ မထင်ထားတဲ့ ပထမဦးဆုံး Planner စာအုပ်လေးကို ထုတ်ပြီးချိန်မှာတော့ ပရိတ်သတ်တွေရဲ့ အားပေးမှုတွေကို များစွာရရှိခဲ့ပါတယ်။ ချီချီက သူရဲ့ စာအုပ်လေး မထွက်ခင် သူမရဲ့ 2018 planner စာအုပ် လေးမှာ ရေးမှတ်ခဲ့တဲ့ target လေးတစ်ခု ပြည့်သွားခဲ့တာကြောင့် မျက်ရည်ဝဲမတက် ပျော်နေတဲ့ အကြောင်း ပရိတ်သတ်တွေကို ပြောပြခဲ့တာဖြစ်ပါတယ်။

အခက်အခဲတွေကြားထဲကနေ ချီချီဘယ်လို targetတွေကို အရောက်သွားနိုင်ခဲ့လည်းဆိုတာကို ချီချီက ခုလိုပြောပြထားတာဖြစ်ပါတယ်။ " ဒီနေ့ နေခြည့် personal account လေး Follower ၈ သိန်းပြည့်သွားပါပြီ။ နေခြည့် ၂၀၁၈ planner စာအုပ်လေးက မကုန်သေးတော့ ဒီနှစ်အတွင်း follower ၈သိန်း ပြည့်ရမယ်လို့ နေခြည် plan ခဲ့ဖူးတာ မှတ်မိနေတယ်။feb တစ်ရက်နေ့တုန်းက ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်နဲ့ ရေးခဲ့တာလေး အခု ပြန်ရှာတွေ့မိတော့ မျက်ရည်တောင်ဝဲတယ်။ နေခြည်လုပ်နိုင်ခဲ့ပြီလေ။လောကမှာ ကြောက်တာဆိုလို့ သရဲကားနဲ့ ပင့်ကူဘဲရှိတယ်။ ယုံကြည်မှုရှိရင် ဘာမဆိုရင်ဆိုင်နိုင်တယ်။အောင်မြင်မှုအတွက် chillies တွေရဲ့ပံ့ပိုးမှုနဲ့၂၀၁၉ တစ်နှစ်ပတ်လုံးကို ရဲရဲကြီးသွားနေဦးမှာဘဲ။" ဆိုပြီး ယုံကြည်မှုအပြည့်နဲ့ ခွန်အားဖြစ်စေမယ့်စကားလေးတွေကို ဆိုခဲ့တာပဲ ဖြစ်ပါတယ်နော်။

Source:Nay Chi Oo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။