မနက်ဖြန်ည၁၂နာရီအချိန်မှာတော့ပရိတ်သတ်တွေအကြိုက်ပွဲကောင်းတစ်ပွဲဖြစ်တဲ့ချယ်လ်ဆီးအသင်းနဲ့မန်စီးတီးအသင်းတို့ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။ဒီဇင်ဘာရဲ့ပွဲကျပ်ကာလမှာတော့အသင်းကြီးတွေကဥရောပပြိုင်ပွဲတွေပါယှဉ်ပြိုင်ရတာကြောင့်ပွဲပန်းကာလပဲဖြစ်ပါတယ်။မန်စီးတီးအသင်းကလည်းဒီနှစ်ပရီးမီးယားလိဂ်ပြိုင်ပွဲမှာယခုအချိန်ထိရှုံးပွဲမရှိသေးတာဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းကလည်းဒီနှစ်မှာရှုံးပွဲနှစ်ပွဲသာရှိသေးတာကြောင့်မန်စီးတီးအသင်းကပိုအသာရတာဖြစ်ပါတယ်။ချယ်လ်ဆီးအသင်းကလည်းအိမ်ကွင်းမာကျောတဲ့အသင်းဖြစ်တာကြောင့်မန်စီးတီးအသင်းအတွက်တော့ခက်ခဲတဲ့ပွဲစဉ်ဖြစ်ပါတယ်။ချယ်လ်ဆီးအသင်းနဲ့တွေ့ဆုံတိုင်းလည်းနှစ်သင်းလုံးကအကြိတ်အနယ်နဲ့ပွဲကောင်းတစ်ပွဲဖြစ်လာမှာပါ။

အကောင်းဆုံးကစားသမားတွေပါဝင်နေတဲ့အသင်းတွေဖြစ်တာကြောင့်နှစ်သင်းလုံးတွေ့ဆုံတဲ့ပွဲတိုင်ကရသမျိုးစုံပေးနိုင်တာပါ။ချယ်လ်ဆီးအသင်းကလည်းရှေ့တစ်ပွဲမှာရှံးနိမ့်ထားတာကြောင့်ဒီပွဲမှာအနိုင်ရဖို့လိုအပ်နေတာဖြစ်ပါတယ်။ချန်ပီယံမျှော်လင့်ချက်တွေအတွက်တစ်ပွဲမှအမှားခံလို့မရတော့တဲ့အသင်းနှစ်သင်းရဲ့ကစားပုံတွေကိုတော့စနေနေ့ည၁၂မှာစောင့်မျှော်အားပေးကြပါဦးနော်။

PHOTO:Chelsea

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။