ချစ်စရာကောင်းတဲ့ ယွန်းဝတီလွင်မိုးရဲ့သားလေးကတော့ မြင်သူတိုင်းချစ်ရတဲ့ ပရိသတ်အချစ်တော် ကလေးလေးတစ်ယောက် ဖြစ်ပါတယ်။ မို့ဖောင်းနေတဲ့ ပါးကစ်ကစ်လုံးလုံးလေးတွေနဲ့ အရမ်းကိုချစ်စရာကောင်းတဲ့ Liam လေးက ဒီဇင်ဘာလ ၆ ရက်နေ့ကမှ အသက်လေးလတိတိ ပြည့်ခဲ့တာ ဖြစ်ပါတယ်။ မွေးကင်းစ တစ်လအရွယ်ကတည်းက စကားတွေ တီတီတာတာပြောတတ်နေတဲ့ Liam လေးက အခုလည်း ရေကူးနေတာ တွေ့ရပါတယ်။

ဒီနေ့မှာတော့ Liam လေးရဲ့ ဘွားဘွားမေသူက မြေးလေးတစ်ယောက်တည်း ရေကူးနေတဲ့ ဗီဒီယိုဖိုင်လေးကို တင်လိုက်တာ ဖြစ်ပါတယ်။ ရေချိုးကန်ထဲမှာ ဘောကွင်းလေးနဲ့အတူ ရေစိမ်နေတဲ့ Liam က ရေထဲမှာထိုင်နေရင်းကနေ ခြေထောက်ကလေးကန်ကန်ပြီး ရေကူးပြလိုက်ပါတယ်။ အသက်လေးလနဲ့ အရမ်းကိုကျန်းမာဖွံ့ဖြိုးတဲ့ Liam လေးက ရေတောင်ကောင်းကောင်းကူးတတ်နေပြီ ဖြစ်ပါတယ်။ အသည်းယားလွန်းလို့ ဖက်နမ်းမိချင်လောက်အောင် Liam လေးရဲ့ အမူအရာလေးတွေက ချစ်စရာကောင်းနေတာ ဖြစ်ပါတယ်။

ဝိုင်းစက်စက်မျက်လုံးလေးတွေနဲ့ ဘွားဘွားကိုကြည့်ပြီး ရေကူးပြနေတဲ့ Liam လေးကိုတော့ မြင်သူတိုင်းက အချစ်ပိုမိစေမှာ အမှန်ဖြစ်ပါတယ်။ အရမ်းကိုချစ်စရာကောင်းလွန်းတဲ့ Liam လေးကတော့ တစ်နေ့တစ်ခြား ပိုပိုပြီး ချစ်ဖို့ကောင်းလာတာကြောင့် ပရိသတ်တွေက ဝိုင်းချစ်နေရတာလည်း ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ရေကူးအစွမ်းတွေထုတ်ပြလိုက်တဲ့ Liam လေးရဲ့ အသည်းယားစရာ ဗီဒီယိုဖိုင်လေးကို အောက်မှာ တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:May Thu;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။