မင်းသားဖြိုးငွေစိုးကတော့ မြန်မာနိုင်ငံက မင်းသားတွေထဲမှာမှ တောင့်တင်းသန်မာလှတဲ့ ခန္ဓာကိုယ်ကြီးကို ပိုင်ဆိုင်ထားတဲ့ မင်းသားတစ်လက်ပဲဖြစ်ပါတယ်။

ဖြိုးငွေစိုးဟာ လွန်ခဲ့တဲ့ နှစ်တော်တော်များများထဲက ရုပ်ရှင်လောကထဲမှာ ကျင်လည်ခဲ့တဲ့ မင်းသားဖြစ်သလို အခုချိန်ထိလည်း အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေတဲ့ မင်းသားတစ်လက်ပဲဖြစ်ပါတယ်။ ဟာသသရုပ်ဆောင်မှုမှာ ပိုမိုကျွမ်းကျင်သူတစ်ယောက်ဖြစ်သလို ဟာသလူရွှင်တော်ကြီးများစွာနဲ့လည်း ရင်းနှီးကျွမ်းဝင်သူတစ်ယောက်ဖြစ်တာတွေ့ရပါတယ်။ 

အနုပညာအလုပ်တွေမှာ ကျွမ်းကျင်သူတစ်ယောက်ဖြစ်တဲ့အပြင် အားကစားနဲ့ အခြားအခြားသော ဝါသနာပါရာတွေကလည်း များစွာရှိနေတာတွေ့ရပါတယ်။ ပျော်ပျော်ရွှင်ရွှင်နေတက်သူတစ်ယောက်ဖြစ်တဲ့အပြင် လွတ်လပ်မှုကိုအမြဲရှာဖွေနေသူတစ်ယောက်လည်းဖြစ်တာတွေ့ရပါတယ်။  

ဒီကနေ့ ဖြိုးငွေစိုးကတော့ သူ့ရဲ့ဖေ့စ်ဘွက်စာမျက်နှာပေါ်တွင် အမိုက်စားပုံရိပ်အချို့ကို ရိုက်ကူးပြသထားတာတွေ့ရပါတယ်။ အဆိုပါ ပုံရိပ်တွေကတော့ တကိုယ်တော် ညမီးရောင်အောက်မှာ ဘက်စက်ဘောဆော့ကစားနေပုံဖြစ်ပြီး အမိုက်စားဆံပင်ရှည်ကြီးနဲ့ရိုက်ကူးထားတဲ့ ပုံတွေပဲဖြစ်ပါတယ်။ အမြဲတမ်းပျော်ပျော်ရွှင်ရွှင်နေတက်တဲ့ ကိုဖြိုးတစ်ယောက်ရဲ့ မနေ့ညက ပုံရိပ်တွေကို ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

Photos - Phyo Ngwesoe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။