မြန်မာအမျိုးသမီးလက်ရွေးစင်အသင်းကတော့အာစီယံမှာသာမကအာရှမှပါထိပ်သီးအသင်းတစ်သင်းဖြစ်ပါတယ်။ခုထုတ်ပြန်လိုက်တဲ့ဖီဖာကမ္ဘာအဆင့်သတ်မှတ်ချက်တွေမှာတော့မြန်မာအသင်းကကမ္ဘာအဆင့်၄၄နဲ့အာရှအဆင့်၉မှာရပ်တည်နေတာဖြစ်ပါတယ်။မြန်မာလက်ရွေးစင်အသင်းစာအိုလံပစ်ခြေစစ်ပွဲတွေမှာလည်းရလဒ်ကောင်းတာကြောင့်ခြေစစ်ပွဲနောက်တစ်ဆင့်ကိုယှဉ်ပြိုင်ရမှာပဲဖြစ်ပါတယ်။

မြန်မာအမျိုးသမီးလက်ရွေးစင်အသင်းဟာအိုလံပစ်ခြေစစ်ပွဲတွေအပြင်လာမယ့်၂၀၁၉ဆီဂိမ်းပြိုင်ပွဲလည်းရှိပါတယ်။မြန်မာအမျိုးသမီးအသင်းဟာနိုင်ငံတော်အတွက်အောင်မြင်မှုတွေကိုရယူပေးနိုင်တဲ့အသင်းတစ်သင်းဖြစ်ပါတယ်။ထိုင်းနဲ့ဗီယက်နမ်တဲ့နဲ့ခြေစွမ်းပိုင်းကွာဟမှုမရှိပဲထိုအသင်းတွေနဲ့တွေ့ဆုံတိုင်းလည်းအကြိတ်အနယ်နဲ့ပွဲကောင်းတစ်ပွဲဖြစ်နေရတာပါ။

တစ်ခေတ်အချိန်ကကစားသမားတွေအနားယူသွားခဲ့ပေမယ့်လည်းထိုကစားသမားတွေနေရာမှာလူငယ်ကစားသမားတွေကအကောင်းဆုံးကစားနိုင်ခဲ့တာပါ။ခုမှာလည်းအမျိုးသမီးလိဂ်ပြိုင်ပွဲတွေကျင်းပနေတာဖြစ်တာကြောင့်တစ်ချိန်မှာမြန်မာအမျိုးသမီးအသင်းအတွက်တော့အထောက်ကူဖြစ်ပြီးအောင်မြင်မှုတွေနဲ့ပရိတ်သတ်တွေကိုပျော်စေနိုင်မှာဖြစ်ကြောင်းတင်ဆက်ပေးလိုက်ကပါတယ်။

PHOTO:MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။