ကစ်တစ်ယောက်လတ်တလောမှာတော့ ဘန်ကောက်မြို့ရဲ့နာမည်ကျော် Shopping District တစ်ခုဖြစ်တဲ့ ICOSIAM မှာ အပြတ်လန်းနေတာပဲ ဖြစ်ပါတယ်။ အချိန်တိုင်းမှာချစ်စရာကောင်းလွန်းသူလေးရွှေကစ်ကတော့ အမိုက်စားဒီဇိုင်းတွေနဲ့ အပြတ်ကိုလွင့်နေတာပဲဖြစ်ပါတယ်။ အသက်သုံးဆယ်လို့ မထင်ရလောက်အောင်သူမက အရမ်းကိုနုပျိုပြီးလှပလွန်းနေပါတယ်။

ယောကျာ်းလျာတစ်ဦးအဖြစ်နဲ့ သူမပါဝင်သရုပေ်ဆာင်ထားတဲ့ " ရန်သူ " ဇာတ်ကားလေးဟာလည်း မကြာခင်မှာရုံတင်ပြသတော့မှာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားထဲက သူမရဲ့ယောကျာ်းလျာပုံစံလေးဟာ အမျိုးသမီးပရိသတ်တွေကြားမှာ အတော်လေးရေပန်းစားပြီး အားလုံးက အသည်းတယားယားနဲ့ အရမ်းကိုစိတ်ဝင်စားခဲ့ကြတဲ့ ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။

ဘန်ကောက်ရောက်နေတဲ့ရွှေကစ်တစ်ယောက် သူမရဲ့အမိုက်စားပုံရိပ်တွေကို Instagram မှာ ဝေမျှလိုက်တာပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံက ဆယ်လီတွေထဲမှာ Instagram Follower အတော်လေးများတဲ့ဆယ်လီတစ်ဦးလည်းဖြစ်ပါတယ်။ ဘယ်အချိန်ကြည့်ကြည့် ရိုးမသွားတဲ့ သူမရဲ့ အမိုက်စားပုံရိပ်တွေကို တင်ဆက်ပေးလိုက်ပြီနော်။

Photo - Wutt Hmone Shwe Yi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။