မိန်းမသားလေးတွေဆိုတာကတော့ တစ်သက်မှာ တစ်ခါသာဆောင်ရတဲ့ မင်္ဂလာပွဲလေးမှာ ဘယ်လိုတွေလုပ်မယ် ဘာအစီအစဉ်လေးတွေပြုလုပ်မယ်ဆိုပြီး စိတ်ကူးယဉ်အိမ်မက်လေးတွေထားရှိတတ်ကြပါတယ်။

ဒါပေမယ့် သူတို့စိတ်ကူးယဉ်ထားသလို ဖြစ်မလာတဲ့အခါမျိုးမှာတော့ သူမတို့ရဲ့ရင်ထဲမှာ ဘယ်လောက်တောင်ကြေကွဲ ဝမ်းနည်းနေမလဲဆိုတာကတော့ အပေါ်ယံကနေကြည့်ရှုလို့မမြင်နိုင်တဲ့အရာတစ်ခုပဲဖြစ်ပါတယ်။ 

လတ်တလောလူမှုကွန်ယက်ပေါ်မှာဆိုရင်တော့ မင်္ဂလာသတို့သမီးလေးတစ်ဦးဟာ မင်္ဂလာပွဲမှာ ရောက်မလာတဲ့သတို့သားကို အတင်းလိုက်ရှာပြီး ချိန်းကြိုးနဲ့ဆွဲခေါ်လာခဲ့တဲ့ ဗီဒီယိုဖိုင်လေးတစ်ခုဟာ ပြန်လည်ပေါ်ထွက်လာခဲ့ပါတယ်။

ဒီဗီဒီယိုလေးထဲမှာတော့ သူတို့သမီးလေးဟာ မင်္ဂလာပွဲကျင်းပနေတဲ့အချိန်မှာ ရောက်မလာတဲ့ သတို့သားကို ရအောင်လိုက်ရှာပြီး ခေါ်လာပေမယ့် သူတို့သားကတော့ မင်္ဂလောဆောင်လာဖို့နေနေသာသာ သာမန်အရပ်ဝတ် အဝတ်အစားနဲ့ပဲဖြစ်ပါတယ်။  

ဒါ့အပြင် သာမန်စကားကောင်းကောင်းပြောပြီးခေါ်လာလို့ရပေမယ့် အခုလို လူအများကြားမှာ ကြိုးနဲ့ဆွဲပြီးခေါ်လာရပုံထောက်ရင်တော့ သူတို့နှစ်ယောက်ကြားမှာလူတွေမသိရှိလိုက်တဲ့ ကိစ္စကြီးကြီးမားမားကြီး တစ်ခုရှိနေမယ်လို့ထင်ပါတယ်။

သို့ပေမယ့် အင်တာနက်ပေါ်ကလူတွေကတော့ ဒါဟာ သတို့သားက အတင်းအကျပ်လက်ထပ်ခိုင်ခံရလို့ဖြစ်တယ်လို့ ပြောကြားထားသလို ၊ တချို့လူတွေကတော့ ဒါဟာသက်သက်နာမည်ကြီးချင်လို့ poppin လုပ်တာဆိုပြီးပြောကြားထားခဲ့ပါတယ်။

ဒီဗီဒီယိုလေးကိုလည်း တခါတည်းဖော်ပြပေးထားတာဆိုတော့ ပရိသတ်တေလည်းကြည့်ပြီးသွားရင် ဘယ်လိုထင်ကြလဲပြောပြခဲ့ကြဦးနော်။ 

source  _ Shanghaiist

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။