ပရိတ်သတ်ကြီးရေ... နာမည်ကြီးအနုပညာရှင်တစ်ယောက်ဖြစ်တဲ့ အဆိုတော်မလေးချစ်သုဝေဟာ သီချင်းအေးအေးလေးတွေကို ပရိတ်သတ်ကြီးသိပြီးသားပါနော်။ အိမ်ထောင်ကျပြီးသွားတဲ့နောက်မှာလည်း ပရိတ်သတ်တွေက အရင်ကထက်ပိုပြီးချစ်ပိုပြီးအားပေးခြင်းကိုပရိတ်သတ်တွေရင်ထဲစွဲအောင်သီဆိုနိုင်သူလေးတစ်ယောက်ဆိုတာခံနေရသူလေးပါ။

သူမဟာ ပရိတ်သတ်တွေ အားကျရတဲ့ မိသားစုလေးကိုပိုင်ဆိုင်ထားရသူလေးလည်းဖြစ်ပါတယ်။ဒါ့အပြင် ပရိတ်သတ်တွေရဲ့အသည်းကျော်လေးတွေဖြစ်တဲ့ ခေတ်နဲ့သစ်လေးကို မွေးထုတ်ပေးခဲ့တဲ့ မိခင်လေးလည်းဖြစ်ပါတယ်။ ခေတ်နဲ့သစ်လေးဟာ ချစ်စရာအရမ်းကောင်းပြီးစကားလည်းအရမ်းတတ်တဲ့အတွက် ပရိတ်သတ်တွေအရမ်းကိုအချစ်ပိုနေရတာပေါ့။တခါတလေဖေဖေနဲ့ပေါင်းပြီးမေမေမကြိုက်တာတွေကို လျောက်လုပ်တတ်တာကြောင့် ပရိတ်သတ်တွေအသဲယားကြည်နူးကြရပါတယ်နော်။

မေမေချစ်သုဝေရဲ့ အမဖြစ်တဲ့တီတီမာဟာ အေးဆေးပဲနေတတ်ပြီး အရမ်းလည်းရွံတတ်သလို အပျိုကြီးရာခိုင်နှုန်းခပ်များများရှိသူတစ်ယောက်ဖြစ်ပေမယ့် ခေတ်နဲ့သစ်လေးကိုတော့ အရမ်းဂရုစိုက်အရမ်းချစ်တတ်လေတော့ မေမေချစ်သုဝေက ဒီနှစ် အမအပျိုကြီးမမရဲ့ မွေးနေ့မှာ ခေတ်နဲ့သစ်လေးကို စိတ်ကြိုက်ထိန်းဖို့တာဝန်ကိုအပြည့်အဝပေးကာ ချစ်သုဝေတို့လင်မယား၂ယောက်ကတော့ အပန်းဖြေခရီးထွက်မယ်နော်ဆိုပြီး အမဖြစ်သူကို စနောက်ပြီး အရွှန်းဖောက်ပြောဆိုထားပါတယ်နော်။ ပရိတ်သတ်ကြီးလည်းခေတ်နဲ့သစ်တို့က ဖေဖေနဲ့ ပေါင်းပြီး ဘယ်လိုတောင်မျောက်လောင်းကျတတ်နေပြီလဲဆိုတာသိတဲ့အတိုင်းပဲ ။ တီတီမာပဲထိန်းနိုင်ပါစေလို့ဆုတောင်းပေးလိုက်ကြပါအုန်း....နော်။

Source:Chit Thu Wai

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။