မင်းသမီးလေး ယွန်းဝတီလွင်မိုးကတော့ အသက်ငယ်ငယ်လေးနဲ့ မိခင်စိတ်အပြည့်ရှိသူလေးလို့ ဆိုနိုင်ပါတယ်။ အသက် ၁၉ နှစ်မှာ ချစ်သူနဲ့ လက်ထပ်ထိမ်းမြားခဲ့တဲ့ သူမက ကိုယ်ဝန်ရလာတဲ့အခါမှာ အများရဲ့ဝေဖန်မှုတွေကို ဂရုမစိုက်ဘဲ သားလေးကိုသာ သတ္တိအပြည့်နဲ့ မွေးဖွားခဲ့သူ ဖြစ်ပါတယ်။ ရွေးချယ်မှုမှန်ကန်တဲ့ မေမေယွန်းက အခုဆိုရင် အရမ်းချစ်စရာကောင်းတဲ့ သားလေးကို ပိုင်ဆိုင်နေရပြီ ဖြစ်ပါတယ်။

ယွန်းရဲ့ချစ်စရာကောင်းတဲ့သားလေးကိုတော့ English နာမည် Liam လေးလို့ပေးထားပြီး မြန်မာနာမည်ကိုတော့ အဘိုးနဲ့ အဖေနာမည်တစ်လုံးစီယူပြီး ''လွင်ထက်'' လို့အမည်ပေးထားတာ ဖြစ်ပါတယ် ။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၆ ရက်နေ့မှာတော့ Liam လေးက အသက်လေးလတိတိပြည့်ခဲ့ပြီ ဖြစ်ပါတယ်။ အခြားကလေးလေးတွေနဲ့မတူ တစ်မူထူးခြားစွာ ချစ်စရာကောင်းတဲ့ Liam လေးကတော့ တစ်နေ့တစ်ခြား အားပေးချစ်ခင်သူ အများအပြား ပိုင်ဆိုင်နေရပြီ ဖြစ်ပါတယ် ။

အခုလည်း ယွန်းက မိခင်မေတ္တာအပြည့်နဲ့ သားလေးကို ပြုစုစောင့်ရှောက်နေတာ တွေ့ရပါတယ်။ သားလေးမအိပ်မချင်း စိတ်ရှည်ရှည်နဲ့ ချော့သိပ်ပေးနေတဲ့ ယွန်းရဲ့မိခင်မေတ္တာက ကြည့်လိုက်တာနဲ့ သားလေးကို ဘယ်လောက်ချစ်ကြောင်း သိသာနေတာ ဖြစ်ပါတယ်။ဒါ့အပြင် ယွန်းက သူမတို့မိသားစုလေးရဲ့ ကြည်နူးစရာ ပုံလေးတွေကိုလည်း အသစ်တင်ထားပါသေးတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ယွန်းဝတီလွင်မိုးတို့မိသားစုလေးရဲ့ပုံလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source: Yun Waddy;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။