ပရိတ်သတ်ကြီးရေ ပိုလန်နိုင်ငံမှာကျင်းပပြုလုပ်တဲ့ Miss Supranational ပြိုင်ပွဲမှာ နိုင်ငံတကာမှ အလှဆုံးသော အလှမယ်များ လာရောက်ယှဉ်ပြိုင်တဲ့ ပွဲတစ်ပွဲ ပဲ ဖြစ်ပါတယ်။ ရွှေအိမ်စည်ကတော့ မြန်မာ နိုင်ငံ ကိုယ်စားပြု အလှမယ် တစ်ဦးအနေနဲ့ ရဲဝံ့စွာနဲ့ သွားရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။ အိမ်စည်ကတော့ မြန်မာ ပရိတ်သတ်တွေရဲ့ အားပေးမှုတွေကြောင့် Voting အများဆုံး ဖြစ်ခဲ့ ပေမဲ့ နောက်ဆုံး final ပြိုင်ပွဲကြီးမှာတော့ top 25 အဆင့်နဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။

တက်ကြွ ရဲဝံ့စွာ နဲ့ မြန်မာ့ဂုဏ်ကိုဆောင်နိုင်ဖို့ နိုင်ငံတကာ စင်မြင့်ထက်မှာ အစွမ်းကုန်ကြိုးစားခဲ့တဲ့အတွက် မြန်မာ ပရိတ်သတ်တွေက အိမ်စည်ဘက်ကနေ နောက်ဆုံးပြိုင်ပွဲ ကြီး ပြီးဆုံးချိန်ထိ ရပ်တည်ပေးခဲ့ကြတာဖြစ်ပါတယ်။ အိမ်စည်ကလည်း နောက်ဆုံးအချိန်ထိ အကောင်းဆုံး ကြိုးစားပြီး စင်မြင့်ထက်အကောင်းဆုံးလျှောက်လှမ်းခဲ့တာ ဖြစ်ပါတယ်။

သူမ အစွမ်းရှိသလောက်ကြိုးစားခဲ့ပေမယ့် crownရဲ့ပိုင်ရှင်ဖြစ်မလာခဲ့ရပါတယ်။ အိမ်စည်ရဲ့ အကောင်းဆုံးယှဉ်ပြိုင်ခဲ့တယ်ဆိုတာကို မြန်မာပရိတ်သတ်တွေမျက်မြင်ဖြစ်ပြီး ရလဒ်အတွက်လည်း အပြစ်တင်ဝေဖန်ခြင်းလုံးဝမရှိဘဲ ချစ်မြဲချစ်ဆဲပါပဲနော်။ အိမ်စည်လေးကလည်း crownမယူပေးနိုင်တဲ့အတွက်စိတ်ထဲမကောင်းဖြစ်နေခဲ့ရတဲ့အတွက် နောက်ပွဲတွေမှာယုံကြည်ချက်ရှိရှိနဲ့ထပ်ပြီးယှဉ်ပြိုင်နိုင်အောင် ပရိတ်သတ်ကြီးဝိုင်းအားပေးလိုက်ကြပါအုန်းနော်.... ။

Source:Shwe Eain Si

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။