မင်းသမီးချောလေး မိုးဟေကိုကတော့ မနေ့ကကျင်းပပြုလုပ်ခဲ့တဲ့ နာမည်ကျော်ဖက်ရှင်ရှိုးပွဲကီးတစ်ခုမှာ အမိုက်စား ၊အလန်းစားဆိုတဲ့ ဖက်ရှင်တွေနဲ့ မော်ဒယ်တစ်ဦးအဖြစ် ပါဝင်လျှောက်လှမ်းခဲ့ပါတယ်။ တစိမ့်စိမ့်ကြည့်လို့မဝနိုင်အောင် စူးရှရှအကြည့်တွေနဲ့ ဖမ်းစားတတ်တဲ့ မိုးရဲ့အလှမှာတော့ ပုရိသတွေအားလုံးရဲ့နှလုံးသားတွေ ကြွေကျမြေခဲ့ရပါတယ်။ ယုံကြည်မှုအပြည့်နဲ့ စင်မြင့်ထက်မှာ အားလုံးရဲ့အာရုံကို စုစည်းနိုင်ခဲ့တဲ့ မိုးရဲ့အလှကတော့ လူမှုကွန်ယက်စာမျက်နှာထက်မှာ နာမည်ကြီးလို့နေပါတယ်။

မိုးက ပြီးခဲ့တဲ့ ဒီဇင်ဘာလ (၇) ရက်နေ့က ရန်ကုန်၊ ရွှေထွဋ်တင်ကွင်းမှာ ကျင်းပပြုလုပ်ခဲ့တဲ့ "Myanmar Int'l Fashion Week 2018" နိုင်ငံတကာ ဖက်ရှင်ပြပွဲမှာ ပါဝင်ရှိုးလျှောက်ခဲ့တာပဲ ဖြစ်ပါတယ် ။ ဒီပွဲမှာတော့ ခေတ်မှီဆန်းသစ်တဲ့ ဒီဇိုင်းလက်ရာ ဖက်ရှင်အမိုက်စားတွေကို မြင်တွေ့ရပြီး အားလုံးက လှပတင့်တယ်နေတာ တွေ့ရပါတယ်။ ဒီပွဲလေးကိုတော့ ဆရာ ဂျွန်လွင်ကိုယ်တိုင် ဦးစီးဦးဆောင်ပြုပြီး အခမ်းနားဆုံး ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

အခုလည်း မိုးက သူမရဲ့ညို့အားပြင်းပြင်း အလှပုံရိပ်တွေကို '' ချစ်ရတဲ့ ဆရာ John ဦးစီးကျင်းပတဲ့ Myanmar International Fashion Week 2018 ပွဲလေးမှာ မနေ့ညက Show လျှောက်ပေးဖြစ်တယ်'' ဆိုပြီး တင်ထားပါတယ်။ ဘာတစ်ခုမှ အပြစ်ဆိုဖွယ်မရှိတဲ့ မိုးရဲ့အလှတရားတွေကတော့ ကမ္ဘာကျော် ဟောလိဝုဒ်မင်းသမီးတွေတောင် ရှုံးလောက်အောင် အလှဖြာနေတာ တွေ့ရပါတယ်။ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး မိုးဟေကိုရဲ့ တုနှိုင်းမမှီတဲ့ အလှပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source: Moe Hay Ko;

Photo:Credit LI John Photography;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။