သရုပ်ဆောင်ချောရတနာကတော့ မြန်မာနိုင်ငံရဲ့ ထိပ်တန်းသရုပ်ဆောင်တွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်ပြီး သရုပ်ဆောင်ချက်အမျိုးမျိုးကို ကျွမ်းကျင်ပိုင်နိုင်လွန်းတာကြောင့် အကယ်ဒမီတွေပါရရှိခဲ့သည်အထိ အောင်မြင်ခဲ့တဲ့ သရုပ်ဆောင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ သူမကတော့ ယခုမှာ အနပညာအလုပ်တွေကနေ အနားယူနေပြီး ချစ်စရာကောင်းတဲ့ သမီးလေးကို အချိန်ပေးနေပါတယ်။

ယနေ့မှာတော့ ချောရတနာတစ်ယောက် အောင်ဇမ္ဗူတောရ ဂျပန်ဘုရား ၃၀၁ဆူ ၅ ထပ်ကျောင်းဆောင်ဖွင့်ပွဲကို သွားရောက်ခဲ့ပါတယ်။ ဂျပန်ဘုရား၅ထပ်ဆောင် ဖွင့်ပွဲကို သွားရောက်ရင်းဘောလိဝုဒ်က ရိုက်ကူးထားတဲ့ Buddha ဇာတ်ကားမှာ ဂေါတမဗုဒ္ဓအဖြစ်သရုပ်ဆောင်ခဲ့တဲ့ဘောလိဝုဒ်မင်းသား Sunil Sharmaနဲ့ အမှတ်မထင်ဆုံတွေခဲ့ပါတယ်။

sunil sharmaဟာ အောင်ဇမ္ဗူတောရဓမ္မရိပ်သာ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်(၃၀၁)ဆူသီတင်းသုံးတော်မူမည့် "ဗုဒ္ဓဂန္ဓကုဋီကျောင်းဆောင်သစ်ကြီး"ဖွင့်လှစ်ပွဲကိုတက်ရောက်ဖူးမြော်ခဲ့တာပဲဖြစ်ပါတယ်။ချောရတနာကတော့ " အောင်ဇမ္ဗူတောရ ဂျပန်ဘုရား ၃၀၁ဆူ ၅ ထပ်ကျောင်းဆောင်ဖွင့်ပွဲ " ဆိုပြီး ချစ်စရာပုံလေးတွေနဲ့ အတူ ေရးထားခဲ့တာပဲဖြစ်ပါတယ်။

source: chawyadar 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။