နွေရာသီရောက်လာတာနဲ့အမျှ ခန္ဓာကိုယ်က ချွေးနံ့တွေကြောင့် ဆွတ်ထားတဲ့ရေမွှေးတာရှည်မခံတာ၊ ကိုယ်တွင်းအနံ့ဆိုးလွယ်လွယ်ထွက်တာ၊ ဒါမျိုးတွေကို ကာကွယ်နိုင်မယ့် နည်းလမ်းကောင်း။

၁။ ရေမွှေးကိုမဖြန့်ပါနဲ့

ကိုယ်သင်းရနံ့ တစ်နေကုန်ကောင်းမွန်ဖို့အတွက်ကတော့ ရေမွှေးက အကူအညီယူရတဲ့အပိုင်းတွေလည်း ရှိပါတယ်။ ရေမွှေးဆိုတာ လက်ကောက်ဝတ်မှာဖြစ်ဖြစ်၊ လည်ပင်းအနောက်ဖက်နားလေးမှာပဲဖြစ်ဖြစ် စွတ်လို့ရပါတယ်။ ဒါမှမဟုတ်လို့ သင်နှစ်သက်တဲ့နေရာကို သင်စွတ်ချင်သေးတယ်ဆိုလည်း ရပါသေးတယ်။ လုံးဝမလုပ်ဖို့ကတော့ အနံ့ပြင်းပြင်းလေးပဲဖြစ်ဖြစ်၊ အနံ့ပျော့ပျော့လေးပဲဖြစ်ဖြစ် တစ်နေကုန်ကြာရှည်မွှေးနေဖို့ကတော့ စွတ်ထားတဲ့နေရာကို လုံးဝပွတ်ပြီး မဖြန့်လိုက်ဖို့ပါပဲ။ “ရေမွှေးကို စွတ်ထားပြီး ပွတ်ဖြန့်လိုက်ခြင်းအားဖြင့် အနံ့တာရှည်ခံဖို့ ခဲယဉ်းသွားပါလိမ့်မယ်” လို့ ရေမွှေးပညာရှင်များက ပြောပါတယ်။

၂။ ဆံပင်တွေကို အဆီပြန်ရင် ခေါင်းလျှော်ပေးပါ

အဓိကအားဖြင့် နေပူထဲမှာ အလုပ်လုပ်ရတဲ့ ဆံပင်ရှည်မိန်းကလေးတွေမှာ အဆီပြန်နှုန်းအဖြစ်များပါတယ်။ ဆံပင်တွေအဆီပြန်ပြီဆို ဆံသားတွေ တစ်ချောင်းနဲ့တစ်ချောင်းပူးကပ်လာပြီး စေးကပ်ကပ်ခံစားမှုကို ရလာပါလိမ့်မယ်။ အဲဒီလိုစဖြစ်ပြီဆိုတာနဲ့ ခေါင်းလျှော်လိုက်ပါတော့။ ဆံသားအဆီပြန်တာက ဆံပင်မလှတော့တာတစ်ခုတည်းသာ စိတ်ညစ်စရာရှိတာ မဟုတ်ပါဘူး။ ဆံသားကနေ အဆီနံ့ထွက်လာတာကလည်း သင်ကသာ အနံ့မရတာဖြစ်ပါလိမ့်မယ်။ တစ်ခြားသူတွေအတွက်တော့ စိတ်အနှောင့်အယှက်ဖြစ်စေပါတယ်။

၃။ အိပ်ယာကိုဂရုစိုက်ပါ

သင် တစ်ညလုံးအိပ်တဲ့အိပ်ယာပေါ်က ဖက်ခေါင်းလုံး၊ ခေါင်းအုံးနဲ့ စောင်တွေကို ဂရုစိုက်ပါ။ ဆောင်းတွင်းမနက်ပိုင်းအရမ်းအေးလို့ပဲဖြစ်ဖြစ်၊ အိပ်ယာထနောက်ကျလို့ပဲဖြစ်ဖြစ် ရေမချိုးပဲရုံးသွားတော့မှာလား။ ဒီလိုခဏခဏဖြစ်တတ်တဲ့သူဆိုရင်တော့ ဒီတစ်ချက်ဟာအရေးကြီးပါတယ်။ အိပ်ယာကို အခန်းသုံးရေမွှေးအနံ့ခပ်ပျော့ပျော့လေး မအိပ်ခင်အမြဲဖြန်းပါ။ သင့်ရဲ့ခန္ဓာကိုယ်က တစ်ညလုံးထွက်လာတဲ့ အနံ့အသက်တွေဟား သင် ၈နာရီလောက်ထိတွေ့ခဲ့တဲ့ အိပ်ယာကတဆင့် ကူးစက်မှာဖြစ်ပြီး ရေမချိုးပဲ အပြင်ထွက်မိမယ်ဆိုရင် အတော်ဆိုးဆိုးရွားရွားဖြစ်သွားနိုင်ပါတယ်။

၄။ ဗီဒိုကိုလည်းမွှေးပါစေ

အဝတ်အစားတွေကို ဘယ်လောက်ကောင်းတဲ့ ပင်မင်းမှာပဲအပ်ထားပါစေ။ ဗီဒိုကတော့ အောက်သိုးသိုးအနံ့ထွက်နေမယ်ဆိုရင် အရာရာဟာ အလကားပါပဲ။ အဲဒါကြောင့် သင့်ရဲ့ဗီဒိုကိုလည်း အမြဲတမ်းလန်းဆန်းတဲ့ အနံ့အသက်မျိုးဖြစ်နေအောင် ထားရပါလိမ့်မယ်။ အနံ့အသက်ဆိုးတွေပျောက်ဖို့ဆိုရင်တော့ ပရုပ်လုံးသုံးကြည့်တာမျိုးလုပ်ပါ။ အတွင်းခံထည့်တဲ့အံဆွဲတွေနဲ့ ဘူးတွေကိုလည်း အဲဒီလိုပဲသန့်ရှင်းမွှေးပျံ့နေအောင် ထားပေးပါ။

၅။ ခံတွင်းခြောက်လာတာကိုသိပါစေ

ခံတွင်းမှာ ရေဓာတ်ခန်းခြောက်ခန်းသွားပြီဆိုရင် ခံတွင်းနံ့ထွက်လာပါလိမ့်မယ်။ အဲဒါကို အမြန်ဆုံးနည်းနဲ့ အလွယ်ဆုံးဖုံးဖိဖို့ဆိုရင် ပီကေကို အသုံးပြုနိုင်ပါတယ်။ ပီကေတစ်ဘူးလောက်တော့ သင့်ရဲ့လက်ကိုင်အိတ်ထဲ ထည့်ထားပါ။ အာခေါင်ခြောက်ပြီး ခံတွင်းနံ့ထွက်လာပြီဆိုရင် ပီကေဝါးပေးရင် သက်သာနိုင်ပါတယ်။

နောက်ဆုံးအနေနဲ့ အနံ့အသက်တစ်ခုဟာ သင့်အတွက်ရော သင့်ရဲ့ပတ်ဝန်းကျင်အတွက်ရော အရေးကြီးတာကြောင့် ဂရုစိုက်သင့်တယ်လို့ ပြောရင်း အကယ်၍ သင်ဟာ အရမ်းချွေးထွက်တတ်တာပဲဖြစ်ဖြစ်၊ အရမ်းကိုယ်တွင်းန့ံဆိုးတက်တယ်ဆိုရင်တော့ Travel Size လိုးရှင်းတွေ၊ ချိုင်းလိမ်းဆီနဲ့ စပရေးတွေ ဘယ်သွားသွားဆောင်ထားသင့်ကြောင်း အကြံပေးပါရစေ။

Source : MODA

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။