အင်္ဂလန်ပရီးမီးယားလိဂ်ရဲ့ဒီတစ်ပတ်အကောင်းဆုံးပွဲလို့ပြောရမယ့်ချယ်လ်ဆီးအသင်းနဲ့မန်စီးတီးတို့ပွဲမှာတော့ချယ်လ်ဆီးအသင်းက(၂-ဝ)နဲ့အနိုင်ရခဲ့ပါတယ်။ချန်ပီယံမျှော်လင့်ချက်တွေအတွက်ရေကုန်ရေခန်းကန်ခဲ့တာဖြစ်တာကြောင့်ပရိတ်သတ်တွေအတွက်ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ရပါတယ်။ဒီဇင်ဘာရဲ့ပွဲကျပ်တွေမှာအမှတ်တွေယူဖို့အရေးကြီးတာကြောင့်ချယ်လ်ဆီးအသင်းဟာအိမ်ကွင်းမှာအမှားယွင်းမရှိကြိုးပမ်းခဲ့တာပါ။

ချယ်လ်ဆီးအသင်းဟာဒီပွဲမှာအနိုင်ရဖို့အတွက်ပွဲစကတည်းကကန်တီ၊ဟာဇက်စတဲ့အမာခံကစားစမားတွေနဲ့ပွဲထွက်ခဲ့တာပါ။မန်စီးတီးအသင်းကလည်းတိုက်စစ်မှူးအဂွဲရိုးကလွဲပြီးကစားသမားစုံလင်ခဲ့ပါတယ်။ပွဲစတည်းကမန်စီးတီးအသင်းကပိုမိုဖိအားပေးနိုင်ခဲ့ပေမယ့်ချယ်လ်ဆီးနောက်တန်းနဲ့ဂိုးသမားကိုမကျော်နိုင်ခဲ့ပါဘူး။ချယ်လ်ဆီးအသင်းကလည်းဘောလုံးသေချာကိုင်ပြီးတိုက်စစ်ကိုထိုးဖောက်ခဲ့တာပါ။တိုက်စစ်ကိုမြှင့်တင်ရင်းနဲ့ပထမပိုင်းပွဲပြီးခါနီးမှာဟာဇက်နဲ့ဖန်တီးပေးမှုကနေကန်တီကအမှားယွင်းမရှိဂိုးသွင်းနိုင်ခဲ့လို့ချယ်လ်ဆီးအသင်းဦးဆောင်ဂိုးရပြီးပထမပိုင်းအပြီး(၁-ဝ)နဲ့ဦးဆောင်နေပါတယ်။

ဒုတိယပိုင်းအစမှာမန်စီးတီးအသင်းပွဲကိုပိုဖိအားပေးခဲ့ပြီးခြေပဂိုးရရှိဖို့ကြိုးစားခဲ့ပါတယ်။ချယ်လ်ဆီးအသင်းကလည်းခြေပဂိုးပြန်လည်မပေးရဖို့ကြိုးစားခဲ့ပြီးမန်စီးတီးအသင်းအခက်တွေ့စေခဲ့ပါတယ်။ချယ်လ်ဆီးအသင်းကလည်းရသလိုတိုက်စစ်ထိုးဖောက်ခဲ့ပြီးပွဲချိန်၇၅မိနစ်အရောက်မှာထောင့်ကန်ဘောတင်တဲ့ဘောလုံးကိုဒေးဗစ်လူးဝစ်ခေါင်းတိုက်ဂိုးသွင်းခဲ့ပြီး(၂-ဝ)နဲ့ပွဲကိုဦးဆောင်ခဲ့ပါတယ်။နှစ်သင်းလုံးအပြန်လှန်ထိုးဖောက်ရင်းဂိုးမသွင်းတော့တာကြောင့်ချယ်လ်ဆီးအသင်းကမန်စီးတီးအသင်းကို(၂-ဝ)နဲ့အနိုင်ယူပြီးချန်ပီယံပြေးလမ်းပေါ်မှာရပ်တည်ခဲ့ပါတယ်။ဒီရာသီမန်စီးတီးအသင်းရဲ့ရှုံးပွဲမရှိစံချိန်ကိုလည်းချိုးဖျက်နိုင်ခဲ့တာပါ။

Photo:Chelsea Football Club 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။