ဟိုးတစ်ချိန်က နာမည်ကျော် No me ames အသည်းကွဲသီချင်းကို တူတူသီဆိုခဲ့သူနှစ်ယောက်။ ဗုဒ္ဓဟူးနေ့က တင်ဆက်ခဲ့တဲ့ Watch What Happens Live ပွဲမှာ Jennifer Lopez က ခင်ပွန်းဟောင်းဖြစ်သူ Marc Anthony နဲ့ ပြန်ပေါင်းထုပ်ဖို့ အစီအစဉ်မရှိပါဘူးလို့ အတိအလင်း ကြေငြာသွားပါတယ်။ 

ပရိသတ်တစ်ယောက်က တေးအယ်လ်ဘမ်တစ်ခုကို အတူတူထုတ်ဝေဖို့ ကြိုးစားနေတာလည်းဖြစ် နှစ်ယောက်စလုံး လက်ရှိတွဲနေတဲ့သူလည်း မရှိသေးတာမို့ ပြန်ပေါင်းဖို့ အစီအစဉ်ရှိမရှိဆိုတဲ့မေးခွန်းအပေါ် အဲဒီလို ဖြေကြားခဲ့တာဖြစ်ပါတယ်။ 

Maximilian နဲ့ Emme ဆိုတဲ့ အမွှာကလေးနှစ်ယောက်ရဲ့ မိခင်က "ကျွန်မတို့ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် အားပေးကူညီကြတယ်.. အခုလက်ရှိအခြေအနေက ကျွန်မတို့အတွက် အကောင်းဆုံးပါပဲ"လို့ ပြောကြားသွားပါတယ်။ အရင်တုန်းက ဘေ့စ်ဘောကစားသမားဟောင်း Alex 'A-Rod' Rodriguez နဲ့ လက်ရှိတွဲခုတ်နေတဲ့ J-Lo က စုံထောက်ဇာတ်လမ်းတစ်ခုမှာ နယူးယောက်ရဲ့ဌာနက Harlee Santos ဆိုတဲ့ စုံထောက်အဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။

Source : MODA

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။