Francisco Domingo Joaquim ဆိုတာ သူ့ရဲ့ ကြီးမားတဲ့ ပါးစပ်ပြဲကြီးကြောင့် ကမ္ဘာပါးစပ်အကျယ်ဆုံး လူသားဖြစ်လာပါတယ်။သူတို့ စုံတွဲဟာ Toutube ပေါ်တင်ခဲ့ရာမှ လူတိုင်းအာရုံစိုက်ခံရတာဖြစ်ပါတယ်။သူ့ရဲ့ ပါးစပ်ထဲကို Coke ဗူးကို ကန့်လန့်ဖြတ်ထည့်လို့ရပါတယ်။

Chandra Bahadur Dangi ဆိုတာ နီပေါက ကမ္ဘာအရပ်ပုဆုံးလူသားဖြစ်ပါတယ်။သူ့အရပ်ဟာ 54.6 cm သာရှိတဲ့ လူပုလေးဖြစ်ပါတယ်..သူ့အရွယ်အစားနဲ့ အလုပ်လုပ်နိုင်ဖို့ ခဲယဉ်းတာကြောင့် ကမ္ဘာ့အဖွဲ့အစည်းအများအပြား လှူဒါန်းတာနဲ့ စားသောက်နေရသူဖြစ်ပါတယ်။

Sultan Kosen ဆိုတာ တူရကီက လယ်သမားကြီးဖြစ်ပါတယ်။သူဟာ ကမ္ဘာအရပ်ရှည်ဆုံးစာရင်းဝင်ထားသူလည်း ဖြစ်ပါတယ်။သူအရပ်ဟာ 8 ပေနဲ့ 3 လက်မရှိပါတယ်။

Tom Staniford ဟာ MDP syndrome ဆိုတဲ့ ရောဂါကို ခံစားနေရပြီး ရှိသင့်တဲ့ အဆီပမာဏ မရှိတာဖြစ်ပါတယ်။အဆီလိုနေတာဖြစ်ပြီး သူ့ရဲ့ အဆီပမာဏပါဝင်နှုန်းဟာ သုညရာခိုင်နှုန်း ဖြစ်နေတာဖြစ်ပါတယ်။2011 National Para-Cycling Circuit Race Champion ဆုရရှိ ခဲ့သူဖြစ်ပါတယ်။

Yu Zhenhuan အမွှေးအမျှင်များတဲ့ ကုတ်အကျီင်္ကြီးဝတ်ထားတာမဟုတ်ပါဘူး။သူ့မှာ ပင်ကိုယ် အမွှေးအမျှင်တွေ ထူထဲစွာ ပောက်နေတာပဲ ဖြစ်ပါတယ်။သူဟာ တရုတ်နိုင်ငံသားဖြစ်ပြီး သူဟာ ငယ်စဉ်ထဲက အိပ်မက်ရှိပါတယ်။အဲ့ဒါကတော့ သူ့ရဲ့ အမွှေးအမျှင်တွေဖယ်ရှားဖြစ်ဖို့နဲ့ ဂီတပညာရှင်ဖြစ်လာဖို့ပဲ ဖြစ်ပါတယ်

Source:Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။