လူ့ဘဝမှာ အရေးကြီးတာတွေ ပေါ့ဆလို့မရတဲ့ အရာတွေအများကြီးရှိပါတယ်။ ထိုအထဲမှာမှ မင်္ဂလာဆောင်တယ်ဆိုတာကလဲ အရမ်းကိုအရေးကြီးပါတယ်။မင်္ဂလာဆောင်တယ်ဆိုတာ ကိုယ့်ဘဝထဲကို သူစိမ်းတစ်ယောက်ကို အပြီးပိုင် ဆွဲခေါ်ထားချင်းပဲဖြစ်ပါတယ်။Celebrity နှစ်ယောက်ဖြစ်တဲ့ India Star Priyanka Chopra နဲ့ Idol Pop Star Nick Jonas တို့ဟာဆိုရင် သိပ်မကြာသေးခင်ကမှ လက်ထပ်ထားချင်ဖြစ်ပါတယ်။

သူတို့နှစ်ယောက်မင်္ဂလာဆောင်ဟာ ဆိုရင်လဲ ကြီးကျယ်ခမ်းနားပြီး ၅ရက်တိုင်တိုင် ကျင်းပခဲ့ကြပါတယ်။ သူတို့ရဲ့မင်္ဂလာဆောင်မှ ဓာတ်ပုံများကလဲ လူတိုင်းကိုအားကျစေပါတယ်။အခုလိုမင်္ဂလာဆောင်ချင်းနဲ့ပတ်သတ်လို့ Priyanka Chopra ရဲ့ ချစ်ခင်ပွန်းဖြစ်တဲ့ Nick Jonas ဟာဆိုရင် “မင်္ဂလာဆောင်တယ်ဆိုတာ ထီထိုးသလိုပဲ” လို့ပြောခဲ့ပါတယ်။ တစ်ချို့လူတွေက သူတို့အတွဲကို ဝေဖန် ကဲ့ရဲ့ကြတာတွေရှိပါတယ်။ 

New York Magazin မှာလည်း သူတို့ရဲ့ အချစ်ဟာ စစ်ရဲလား ဆိုပြီး မေးခွန်ထုတ်ခဲ့ပါတယ်။ ထိုလူတွေရဲ့ ဝေဖန်မှုကို Nick Jonas ရဲ့ အစ်ကိုဖြစ်သူ Joe Jonas ကတော့ “ခုလိုဝေဖန်ရှုတ်ချတာက တော်တော်ကို စိတ်ပျက်စရာကောင်းပါတယ်..ကြည့်ပါအုန်း သူတို့နှစ်ယောက်ရဲ့ ချစ်ခြင်း ဘယ်လောက်တောင်လှပသလဲခဗျာ” ဟုပြောဆိုခဲ့ပြီ တခြားအနုပညာရှင်များကလဲ ပြောဆိုခဲ့ကြပါသေးတယ်။ Priyanka Chopra ဟာ 36 နှစ်ဖြစ်ပြီ Nick Jonas ဟာ 26 နှစ်ဖြစ်ကာ ၁၀နှစ်ကွာပါတယ်။ အချစ်မှာ အသက်ဆိုတာ ကိန်းဂဏန်း တစ်ခုထက်မပိုကြောင်းကို သက်သေပြသွားကြတာပဲ ဖြစ်ပါတယ်၊ 

Source : Mirror New

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။