ပရိတ်သတ်ကြီးရေ...မြန်မာအိုင်ဒေါမှာ ဗိုက်အရမ်းဆာလို့ သီချင်းစာသားတွေမေ့ခဲ့ရတဲ့ အတွက်ဒိုင်လုပ်တဲ့ မြန်မာပြည်သိန်းတန်ကတောင် ငှက်ပျော်သီကျွေးခဲ့ရလို့ ပရိတ်သတ်တွေကချစ်စနိုးနဲ့ ဘနားနားကိုခေါ်တဲ့ ခြိမ့်ကေကိုဟာဆိုရင် အခုနောက်ပိုင်းမှာအရမ်းကို ပေါ်ပြူလာဖြစ်လာပါတယ်နော်။ ပရိတ်သတ်တွေဝေဖန်မှုတွေရှိပေမယ့်ဇွဲမလျော့ဘဲ သူဖြစ်ချင်တဲ့အဆိုတော်ဖြစ်အောင်ကြိုးစားခဲ့ပါတယ်။

မကြာသေးခင်ကမှထွက်ရှိထားတဲ့ ဘနားနားရဲ့သီချင်းဖြစ်တဲ့ မမရေလွမ်းလို့ ဆိုတဲ့သီချင်းဟာလည်း အရမ်းကိုရေပန်းစားခဲ့ပြီး coverသီဆိုသူအများအပြားရှိခဲ့ပါတယ်။ အခုဆိုရင် ဘနားနားဟာ ပညာပေးရုပ်ရှင်ဇာတ်လမ်းတွေကိုရိုက်ကူးလျှက်ရှိပြီး အနုပညာလောကထဲကို တဖြည်းဖြည်းနဲ့ဝင်ရောက်လာနေခဲ့ပါပြီ။

သူ့သီဆိုတဲ့အသံဟာ ပြဿနာရှိတယ်လို့ ဝေဖန်ခံရပေမယ့်လည်းစိတ်ဓာတ်မကျဘဲ ရိုးသားကြိုးစားခဲ့တာကြောင့် အနုပညာရှင်အချို့ရဲ့အသိအမှတ်ပြုခြင်းကိုခံခဲ့ရပါတယ်။ ပရိတ်သတ်တွေကလည်း ဘနားနားမှာ Fanတွေရှိနေပြီဖြစ်တဲ့အတွက်အဆိုသင်တန်းတခုခုမှာသေချာတက်ပြီး လေ့ကျင့်သီဆိုမယ်ဆိုရင် ဒီထက်ပိုပြီးကောင်းလာနိုင်ပါတယ်လို့ အားမလိုအားမရပြောခဲ့ကြပါတယ်။ မည်သို့ပင်ဆိုစေ သရုပ်ဆောင်လောကထဲကိုတဖြည်းဖြည်းဝင်ရောက်လာတဲ့ ဘနားနားတစ်ယောက်ကတော့ ဒါရိုက်တာလေပြေရိုက်ကူးတဲ့ လူထု ပညာ ပေးဇာတ်လမ်းတွေမှာ ပါဝင်သရုပ်ဆောင်ကာ မကြာခင်မှာ ပရိတ်သတ်တွေကိုချပြတော့မှာပဲဖြစ်ပါတယ်နော်။

Source : Chaink K Ko

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။