ပရိတ်သတ်ကြီးရေ... မုန်းစွဲ ရုပ်ရှင် ဇာတ်ကားကြီးနည်းတူ မကြာခင်ပေါ်ပြူလာဖြစ် ရေပန်းစားလာတော့မယ့်ဇာတ်ကားတစ်ကားကတော့ နောင်တွင်ဥဒါန်းတင်စေသတည်းဆိုတဲ့ ရုံတင်ရုပ်ရှင်ဇာတ်ကားကြီးပဲဖြစ်ပါတယ်။ ဖြစ်ဆို ဒီဇာတ်ကားကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာက တစ်ခေတ်တစ်ခါက နာမည်အရမ်းကြီးပြီးလူကြိုက်များခဲ့တဲ့ ကိုးဆယ်ဆသာလိမ့်မယ်ဆိုတဲ့ အကယ်ဒမီဇာတ်ကားကြီးကို ရိုက်ကူးပုံဖော်ခဲ့တဲ့ ဒါရိုက်တာမောင်ယဉ်အောင်ဖြစ်နေလို့ပါပဲ။

ဒီကားရဲ့ press showကိုသွားရောက်ကြည့်ရှုခဲ့တဲ့ ပရိတ်သတ်တွေရဲ့ အချစ်တော် မင်းသမီးခိုင်နှင်းဝေဟာ ဒီဇာတ်ကားထဲမှာဒေါက်တာမြတ်ကောင်းအဖြစ်သရုပ်ဆောင်ထားတဲ့ မင်းသားဖိုးချစ်နဲ့ ဒီဇာတ်ကားကြီးမှာပါဝင်တဲ့သရုပ်ဆောင်တွေအားလုံးကိုယ်စားဂုဏ်ယူမိကြောင်းဆိုထားပါတယ်။ ဒီဇာတ်ကားမှာပါ တဲ့သရုပ်ဆောင်ချက်အားလုံးဟာ အကယ်ဒမီရထိုက်တဲ့ အကယ်ဒမီရှော့တွေဖြစ်တာကြောင့် ပရိတ်သတ်ကြီးကိုလည်းရုံတင်တဲ့အခါသွားရောက်ကြည့်ရှုကြဖို့ ခိုင်နှင်းဝေကတော့ တိုက်တွန်းထားပါတယ်။

အကယ်ဒမီရနိုင်တယ်လို့ ခန့်မှန်းချက်တွေအရ ဇာတ်ပို့နဲ့ဇာတ်ဆောင်တွေဖြစ်ကြတဲ့ မင်းသမီးထွန်းအိန္ဒြာဗိုလ်နဲ့ အေးမြတ်သူတို့ဟာ ထိပ်ဆုံးကနေပါဝင်နေခဲ့ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ အလင်းရောင်၊ဖိုးချစ်၊အေးမြတ်သူ၊ထွန်းအိန္ဒြာဗိုလ်နဲ့လူမင်းတို့အပြင်အခြား အနုပညာရှင်ပေါင်းများစွာပါဝင်သရုပ်ဆောင်ထားကြပါတယ်။ကဲ ... ပရိတ်သတ်ကြီးရေ... အကယ်ဒမီတောင်ရလောက်တဲ့ ရုပ်ရှင်ဇာတ်ကားကြီးဆိုတော့ ဘယ်လိုအနေအထားရှိလဲဆိုတာသိဖို့ ရုံတင်ရက်ကျရင် သွားရောက်အားပေးကြည့်လိုက်ပါအုန်းနော်။

Source:Khnie Hnin Wai

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။