ပရိသတ်တွေရဲ့ အသည်းကျော်မင်းသမီးချောလေး စိုးပြည့်သဇင်ကတော့ ဆွဲဆောင်မှုရှိပြီး ချစ်စရာကောင်းလွန်း ဟန်ပန်ပုံရိပ်လေးတွေနဲ့ ပရိသတ်တွေရဲ့ အသည်းလေးတွေကို ခြွေယူလိုက်ပြန်ပါပြီ..။

အေးချမ်းတဲ့ အလှတရားတွေကို ပိုင်ဆိုင်ထားတဲ့ စိုးပြည့်လေးကတော့ အမြဲရိုးရှင်းပြီး လုံလုံခြုံခြုံဖက်ရှင်တွေနဲ့ ပရိသတ်တွေရဲ့ အမြင်အာရုံတွေကို ဖမ်းစားထားသလို ချစ်စရာကောင်းတဲ့ စကားပြောဟန်ပန်လေးတွေနဲ့ အမူအရာလေးတွေကလည်း ပရိသတ်တွေကို အချစ်ပိုစေတာပါနော်..။

စိုးပြည့်လေးကတော့ ဒီဇင်ဘာ(၈)ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ "Myanmar Int'l Fashion Week 2018" နိုင်ငံတကာ ဖက်ရှင်ပြပွဲကို တက်ရောက်ခဲ့ပြီး ရှိုးလျှောက်ခဲ့ပါသေးတယ်..။

ရန်ကုန်မြို့ ရွှေထွဋ်တင်ကွင်းမှာ ကျင်းပခဲ့တဲ့ အဲ့ဒီပွဲလေးကတော့ (၂၀၁၈) ခုနှစ်အတွက် ဖန်တီးမှုဖက်ရှင်အဝတ်အစားများကို မော်ဒယ်များမှ ဝတ်ဆင်ပြခဲ့ကြတာဖြစ်ပြီး စိုးပြည့်လေးကတော့ ဒီဇိုင်နာ မေမြတ်ဝါဆိုရဲ့ ဖက်ရှင်ဒီဇိုင်းလေးကို ဝတ်ဆင်ပြခဲ့တာပဲ ဖြစ်ပါတယ်..။

ဒီဇိုင်နာမေမြတ်ဝါဆိုရဲ့ ဖက်ရှင်ဝတ်စုံနဲ့ ဖက်ရှင်ရှိုးရဲ့ စင်မြင့်ထက်မှာ ရဲရဲဝင့်ဝင့်လျှောက်လှမ်းနေတဲ့ စိုးပြည့်လေးရဲ့ ပုံရိပ်လေးတွေကတော့ ဆွဲမက်စရာကောင်းလောက်အောင် အလှကြီးလှနေသလို ကျော့ရှင်းတည်ငြိမ်ပြီး ဆွဲဆောင်မှုရှိလွန်းတာမို့လည်း အားလုံးက သဘောကျနေကြတာ တွေ့ရပါယ်နော်..။

"Myanmar Int'l Fashion Week 2018" နိုင်ငံတကာ ဖက်ရှင်ပြပွဲကို ပြည်သူ့အချစ်တော် နာမည်ကျော် အနုပညာရှင်များတက်ရောက်ခဲ့ကြတာလည်း တွေ့ရပါတယ်..။

Photo - စိုးပြည့်သဇင်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။