Pop လောကထဲမှာ နာမည်ကြီးလူကြိုက်များတဲ့ အဆိုတော်မလေး Ariana Grande ဟာဆိုရင် 2018 Billboard ရဲ့ Woman of the Year ဆုကိုရရှိခဲ့သော်ကြောင့် မျက်ရည်လေးတွေ မထိန်းနိုင်အောင် စီးကျနေခဲ့ပြီး သူမဟာအလွန်ကို ဝမ်းသာနေခဲ့ပါတယ်။ ထိုဆုကို လက်ခံရရှိတဲ့အတွက် စိတ်ခံစားချက်အပြည့်ဖြင့်လဲ အခုလို ပြောခဲ့ပါသေးတယ်။   

“ဒီဆုဟာ ကျွန်မအတွက် အရမ်းကိုထူးခြားပါတယ်…ကျွန်မပြောချင်တာကတော့ ..ဒီဆုဟာ ကျွန်မရဲ့ဒီနှစ်အတွက် အကောင်းဆုံး ဖြစ်ပြီး …. ဒီနှစ်ဟာ ကျွန်မဘဝအတွက် အကောင်းဆုံးနှစ်ပဲဖြစ်ပါတယ်” ဆိုပြီးပြောကြားခဲ့ပါတယ်။ ပြီးတော့ဒီ 2018 ခုနှစ်ဟာဆိုရင် သူမရဲ့ Ex-Boyfriend ဖြစ်တဲ့ Mac Miller သေဆုံးတဲ့နှစ်ဖြစ်ပြီး Pete Davidson နဲ့ သူမရဲ့ Relationship ကိုလဲအဆုံးသတ်ခဲ့တဲ့ နှစ်ဖြစ်ပါတယ်။ 

ထို့အပြင် သူမဟာ Manchester Arena မှာလဲ Salman Ramadan Abedi ရဲ့ အသေခံဗုံခွဲမှုနဲ့လဲကြုံခံရပါသေးတယ်။ သူမဟာခုချိန်မှတော့ သူမရဲ့ ၅ခွေမြောက် Album ဖြစ်တဲ့ “Thank U, Next” Album ကိုဆက်လက်ရိုက်ကူးလျက်ရှိပါတယ်။ ပရိတ်သတ်ကြီးလဲ စောင့်မျှော်ခံစားလိုက်ပါအုန်းနော်…..။ 

Source : Mirror New

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။