ခါရာ ခါရာနဲ့နှုတ်ခမ်းနီမလေးတွေ အရူးမူးဖြစ်နေရတဲ့ အကြောင်းရင်းကတော့ သရုပ်ဆောင်လည်းကောင်းတဲ့အပြင် ရုပ်ရည်နဲ့ ခန္တာကိုယ်က ပြောစရာမရှိလောက်အောင်တောင့်တင်း သန်မာပြီး မိန်းကလေးတွေအားကိုးချင်စရာကောင်းတဲ့ Bodyမျိုးပိုင်ဆိုင်ထားတာကိုး။ ခါရာဆိုတဲ့ သရုပ်ဆောင်မင်းသားလေးကတော့ မနေ့ကဖြစ်သည် ၂ ဆိုတဲ့ရုပ်သံဇာတ်လမ်းတွဲနဲ့ ပရိတ်သတ်တွေအားပေးမှုတစ်ခဲနက်ဆိုသလို ရရှိထားသူတစ်ယောက်ဆိုတာပရိတ်သတ်ကြီးသိပြီးသားဖြစ်မှာပါ။

သူဟာဇာတ်လမ်းတွဲတွေတင်သာမကပါဘူး။ ရုပ်ရှင်ကားကြီးတွေထဲမှာပါ ပါဝင်သရုပ်ဆောင်နေရပြီး သူ့ရဲ့ဇာတ်ကားတွေဟာ ဆက်တိုက်ဆိုသလိုရုံတင်ပြသနေပြီဖြစ်ပါတယ်။ သူ့ရဲ့ အရမ်းမိုက်တဲ့ ခန္တာကိုယ် နဲ့ ကိုရီးယားမင်းသားလိုလို ထိုင်းမင်းသားလိုလို ရုပ်ရည် ကြောင့် မိန်းခလေးပရိတ်သတ်တွေ အမြင်ကတ်စရာကောင်းလောက်တဲ့အထိကို အရူးအမူးဖြစ်နေရပါတယ်။

သူ့ဘော်ဒီတောင့်နေရတဲ့လျှို့ဝှက်ချက်ကတော့ အစားကိုသေချာဂရုစိုက်စားပေးပြီး Gymအားကစားကို စဆော့ကတည်းကနေခုချိန်ထိ တာဝန်တစ်ခုလို့မသတ်မှတ်ဘဲ သေချာလေးအချိန်ပေးကစားခဲ့တာကြောင့်ဖြစ်ပါတယ်ပြောထားတာတွေ့ရပါတယ်။ကျန်းမာရေးအတွက်လည်းကောင်းတာမို့လို့ Gymဆော့ရင်ဘာဖြစ်တယ် ညာဖြစ်တယ်ဆိုတဲ့ စိတ်တွေကိုအယူမသီးဘဲ ဆော့သင့်ပါတယ်။ ခါရာကလည်း သူ့ကိုယ်သူယုံကြည်မှုတွေဖြစ်စေတဲ့အတွက်သူ့ကိုချစ်တဲ့ပရိတ်သတ်တွေကိုလည်း ဆော့စေချင်ကြောင်းတိုက်တွန်းထားတာကိုတွေ့ရပါတယ်နော်။

Source:Khar Ra

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။